Tinker Bell and the Pirate Fairy HD

Tinker Bell and the Pirate Fairy

Family Animation HD 2014-02-13 6.911 78 Min

Pixie Hollow ရဲ့ ဝေယျာဝစ္စအဝဝကို အောက်ခြေသိမ်းလုပ်ရတဲ့လက်သမားနတ်သူငယ်တွေနည်းတူ ရွှေမှုန်ထိန်းသိမ်းရေးနတ်သူငယ်တွေဟာလည်း အားလုံးရဲ့အသက်သွေးကြောကို ထိန်းသိမ်းကိုင်တွယ်နေရတဲ့သူတွေပါပဲ။ အရေးကြီးပြီး အမှားမခံတဲ့အလုပ်မို့လို့လုပ်ငန်းခွင်ကို အပိုအလိုမရှိစေဘဲ တိတိကျကျ အထွန့်မတက်ရတဲ့ရှေးရိုးစွဲနည်းနဲ့ပဲ လည်ပတ်စေတာပေါ့။ စိတ်ကူးစိတ်သန်းကောင်းပြီးကိုယ်တတ်ထားတဲ့ပညာကိုပိုနားလည်အောင် လေ့လာစမ်းသပ်လိုစိတ်ပြင်းပြတဲ့ Zarina ကတော့ ဒီလိုစာအုပ်ကြီးစနစ်အမြင်နဲ့ အများကြားမှာ ကြောင်တောင်ကျားပါပဲ။ပြဿနာအရှာကြမ်းပေမယ့် အထက်လူကြီးက ဆူရုံသာဆူပြီး အလျှော့ပေးတာမို့ Zarina လည်း လက်ရဲဇက်ရဲရှိနေပါတယ်။ တစ်နေ့ …. လက်တည့်စမ်းမိရာကနေ အဆမတန်ကြီးထွက်လာတဲ့အပင်ကြောင့် တစ်ရွာလုံးကုန်လုနီးနီးပြုန်းသွားတဲ့အခါ စေတနာကနေဝေဒနာဖြစ်သွားပြီး Zarinaတစ်ယောက် Pixie Hollow ကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ တစ်နှစ်ကြာသွားပြီးတဲ့နောက် …. Pixie Hollow တစ်ခုလုံး ပွဲတော်ကျင်းပနေချိန်ပွဲခင်းနောက်က ဘိန်းပန်းပင်တွေရှည်ထွက်လာတာကို Tinkerbell တို့အုပ်စုလှမ်းအကြည့် …. အငြှိုးနဲ့ပြန်လာတဲ့ Zarina ကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရပြီးတဲ့အခါမှာတော့ . ကဲဇာတ်လမ်းလေးထဲဆက်လက်ကြည့်ရှုပါဦး …..