သမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ဒါကို လူသားတွေဘက်ကနေ စစ်နတ်ဘုရားမ အသီနာက ကာကွယ်ပေးခဲ့ပြီး လူသား သူရဲကောင်းတွေအများကြီး အသီနာဆီမှာ သစ္စာခံခဲ့ကြပါတယ်။အဲဒီသူရဲကောင်းတွေဟာ ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို အသုံးချပြီး နတ်ဘုရားတွေကို ယှဉ်တိုက်နိုင်ခဲ့ကြပါတယ်။အဲဒီတိုက်ပွဲမှာ နတ်ဘုရားတွေ ဆုတ်ခွာသွားခဲ့ရပြီး ကမ္ဘာကြီး ယာယီငြိမ်းချမ်းသွားခဲ့ပါတယ်။ဒါပေမဲ့ နတ်ဘုရားမ အသီနာ လူသားကောင်မလေးအဖြစ် ပြန်ဝင်စားလာချိန်မှာတော့ တိုက်ပွဲတွေနဲ့မုန်တိုင်းတွေ ပြန်အစပျိုးလာပါတယ်။အသီနာကို စောင့်ရှောက်မဲ့ သူရဲကောင်းတွေ လိုအပ်လာသလို အသီနာကို သတ်မဲ့အဖွဲ့တွေလည်း ပေါ်လာပါတယ်။အဲဒီအဖွဲ့တွေကြားထဲမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ…