Black Clover: Sword of the Wizard King HD

Black Clover: Sword of the Wizard King

Action Fantasy Adventure Animation HD 2023-06-16 8.7 113 Min

Black Clover ကို Anime fan အတော်များများသိပြီးဖြစ်ပါလိမ့်မယ်။Manga ကနေ Anime Adaptation လုပ်ထားတဲ့ Shounen typeanime series ပါ။ Season 4ခုထိ ထွက်ရှိထားပြီး Manga ရောAnime ရော အတန်အသင့်အောင်မြင်မှုရရှိထားပါတယ်။ ယခုSword of the Wizard King ဆိုတဲ့ Movie တစ်ခုထွက်ရှိလာပါတယ်။ ပါဆင်နယ်အမြင်အရ အစောပိုင်းထက် Animation ကပိုမိုကောင်းမွန်လာတယ်လို့ မြင်မိပါတယ်။Shounen တို့ထုံးစံအတိုင်း အိပ်မက်အကြီးကြီးနဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ကြည့်ဖူးပြီးသား Black Clover fan တွေအတွက်တော့ အထူးတလည် ညွှန်းစရာတောင်လိုမယ်မထင်ပါဘူး။ကြည့်ရတာတန်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် စစ္စတာရဲ့အငြင်းခံ‌လေး အာပြဲအက်စ်တာတစ်ယောက် ဒီ Movie ထိရောက်တာတောင်အရပ်မရှည်လာ‌သေးပါဘူး။ ယူနိုကတော့ ပိုပိုချောလာ..အဲလေ..ပိုရင့်ကျက်လာပါတယ်ပေါ့။ဒီ Movie ထဲမှာ အရင်မှော်ဝိဇ္ဇာဘုရင်ဟောင်းတွေက ဗီလိန်အဖြစ်ပါလာမှာမို့ Blattle ကောင်းကောင်းတွေကို တဝကြီးကြည့်ရမှာပါ။ မှော်စွမ်းအားအရ Next Level မှာရှိနေတဲ့ မှော်ဝိဇ္ဇာဘုရင်ဟောင်းတွေကိုအက်စ်တာတို့ Magic Knights တွေဘယ်လိုရင်ဆိုင်ကြရမလဲဆိုတာကြည့်ရှုခံစားလိုက်ကြပါဦး။