The Secret in Their Eyes HD

The Secret in Their Eyes

Crime Drama Thriller Mystery Romance HD 2009-08-13 7.995 130 Min

၂၀၁၀ ခုနှစ် အော်စကာပေးပွဲမှာ နိုင်ငံခြားဘာသာစကားပြောအကောင်းဆုံးရုပ်ရှင်ဆု ရခဲ့တယ် (စပိန်စကားပြောအာဂျင်တီးနားရုပ်ရှင်)။ IMDB မှာ 8.2 ကို လူနှစ်သိန်းကျော်ပျမ်းမျှအမှတ် ရထားတယ် IMDB အကောင်းဆုံးရုပ်ရှင်၂၅၀ ထဲမှာ ၁၆၅ ကားမြောက်ဖြစ်တယ်။ ဘာများပြောစရာလိုဦးမလဲ၊ဟင်းလေးကြီးတစ်ခွက်ကို မြည်းစမ်းနေရသလိုပဲကြည့်ရတာတော့။ အငြိမ်းစား ဥပဒေအတိုင်ပင်ခံကြီးတစ်ယောက် အနားယူချိန်မှာ ဝတ္ထုရေးဖို့ ကြိုးစားကြည့်တယ်ကြိုးစားကြည့်တိုင်းလည်း လွန်ခဲ့တဲ့ ၂၅နှစ်တုန်းက ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ အမှုကိုပဲ ပြန်ပြီး အောက်မေ့နေတယ်။ဒီတော့ ဒီအကြောင်းကို ဝတ္ထုလုပ်ရေးဖို့အတွက် သံယောဇဉ်ရှိခဲ့ပေမဲ့ အခြေအနေ ကွာခြားတာကြောင့်ရှေ့ဆက်မတိုးခဲ့ရတဲ့အထက်အရာရှိဟောင်း (ခုလက်ရှိ တရားသူကြီး) ဆီ သွားအကြံတောင်းရတော့တယ်။ အဲဒီမှာပဲ မေ့ပစ်လို့မရတဲ့ အမှတ်တရဟောင်းတွေ တစ်ပုံကြီး ပြန်ပေါ်လာတယ်။အင်မတန်ချစ်ကြတဲ့ဘဏ်စာရေးနဲ့ ကျောင်းဆရာမလင်မယားလေးကိုမှကံဆိုးစွာနဲ့ လူတစ်ယောက်က ဆရာမလေးကို မုဒိမ်းကျင့်ပြီးရက်စက်စွာ သတ်ဖြတ်ခဲ့တယ်။ အမှုယူရမှာ ကိုယ့်အလှည့်မဟုတ်ပဲယူလိုက်ရတဲ့ အတိုင်ပင်ခံကြီးတစ်ယောက်သူငယ်ချင်းအရက်သမားတစ်ယောက်နဲ့ အမှုလိုက်စုံစမ်းဖို့အကြောင်းပါလာတော့တယ်။ တရားခံကို သိနေပေမယ့်ကောက်ရိုးပုံထဲက အပ်ရှာသလို ရှာရခက်ခက်နဲ့ဘယ်လိုတွေကြိုးစားပြီး ရှာဖွေကြမလဲ၊ ရှာတွေ့တဲ့အခါမှာလည်းဘာတွေဆက်ဖြစ်မလဲ၊ အတိုင်ပင်ခံလေးနဲ့ ရှေ့နေမလေးတို့ဇာတ်လမ်းက ဘယ်လိုလဲ၊ ဘဏ်စာရေးကရော မိန်းမကိုလွမ်းစိတ်နဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာ သူတို့မျက်ဝန်းတွေကလျှို့ဝှက်ချက်တွေနဲ့အတူ စီးမြောရမှာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးပြောရမယ်ဆို နောက်ဆုံးမှ ဟင်ခနဲ ဟာခနဲသိရမယ့်ဇာတ်သိမ်းလှည့်ကွက်တွေလည်းပါပါတယ်။ဆက်ညွန်းနေရင် ကြာပါတယ် အော်စကာဆိုတာ အလကားရထားတာမှ မဟုတ်တာ အေးဆေးလေး အချိန်ယူကြည့်ဖို့လည်းတိုက်တွန်းချင်ပါတယ် နောက်ပြီးမုဒိမ်းခန်းတွေမှာ ပွင့်ပွင့်လင်းလင်း ပြသထားတာတွေ ကိုယ်အင်္ဂါတွေ ပြသတာတွေပါတဲ့အတွက် သတိထား ကြည့်စေလိုပါတယ်ဗျ။