Ponniyin Selvan: Part II HD

Ponniyin Selvan: Part II

Action Drama Adventure HD 2023-04-28 6.806 165 Min

၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင်မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလိုနောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်…ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်ကချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်…တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာသားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလိုသမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ…သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူတိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်…သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်…ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာအိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်…ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလိုလုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ…ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား…။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား…ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။Part II မှာတော့ အရွန်းမိုဇီဟာ ခမည်းတော်ရဲ့အမိန့်အရ အကျဥ်းသင်္ဘောနဲ့ပြန်လာခဲ့ပေမယ့်မမျှော်လင့်ထားတဲ့ မုန်တိုင်းကြောင့် သင်္ဘောပျက်ပြီး ရက်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။အာရွန်းမိုဇီ တကယ်ပဲ သေဆုံးသွားခဲ့ပြီလား။ဒီတော့ နောင်တော် အာဒိတကလည်း ဒါက နန်ဒီယာရဲ့ ကြိုးကိုင်မှုလို့ယူဆပြီး ကြားထဲကပဋိပက္ခတွေ တင်းမာလာခဲ့တပေါ့။ ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးတိုင်းပြည်ရဲ့အာဏာကို သိမ်းဖို့ကြိုးစားနေတဲ့ လူတွေကတစ်ဖက်။ ထက်မြက်ပြီးပါးနပ်လှတဲ့ဘုရင်မ နန်ဒီယာကရော ဘယ်လို ဆက်အကွက်ရွေ့မလဲ။ဒီလိုတိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ Part II မှ မြင်တွေ့ရဦးမှာဖြစ်လို့ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်…အညွှန်းရေးသားထားပေးတာကတာ့ Hayman ဖြစ်ပြီး