Sea of Time HD

Sea of Time

Drama HD 2022-09-21 6.6 116 Min

ဒီကားရဲ့ ဇာတ်လမ်းဟာ လက်တွေ့ဘဝက ကြေကွဲစရာဖြစ်ရပ်မှန်လေးကို အခြေခံထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။၁၉၈၀ ခုနှစ်တွေတုန်းက ယိုဟန်နာနဲ့ လူးကပ်စ်တို့ဟာ သူတို့ရဲ့ သားလေး ကိုင်နဲ့အတူ ရွက်လွှင့်ခရီးတစ်ခုထွက်ရင်း အဆုံးအစမဲ့ သမုဒ္ဒရာကြီးထဲ အပျော်ခရီးစဉ်လေးတစ်ခုထွက်ခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ… ပင်လယ်ရေပြင်ကြီးထဲမှာ… သူတို့ ၃ ယောက်တည်းရှိတဲ့အတိုင်းအပူအပင်ကင်းကင်း ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့။တစ်ရက်မှာသူတို့သားလေး ကိုင် ပင်လယ်ထဲ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တာကစပြီး ကျန်ခဲ့တဲ့သူတို့ ၂ယောက်ရဲ့ဘဝကလည်းကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေနဲ့ ကမောက်ကမဖြစ်ခဲ့ရတယ်။ သူတို့သားလေးပျောက်ဆုံးမှုအပေါ် ဖြေမဆည်နိုင်လွန်းလို့ အဲဒီအဖြစ်အပျက်ကြီးကို မေ့ထားပစ်ချင်တဲ့ ဖခင်ဖြစ်သူလူးကပ်စ်နဲ့သားလေးအကြောင်းကိုပဲမေ့မရဖြစ်နေတဲ့ ယိုဟန်နာတို့ ကတောက်ကဆတွေဖြစ်ရာကနေ ဝေးသွားကြပါတော့တယ်။နှစ်ပေါင်း ၃၅ နှစ်အကြာမှ သူတို့ချင်းပြန်တွေ့ကြတဲ့အခါ ဘဝကိုယ်စီနဲ့ဖြစ်နေကြပါပြီ။ ဒါပေမဲ့ သူတို့သားလေးအပေါ်ထားတဲ့သတိရစိတ်တွေ ကတော့ လတ်ဆတ်နေတုန်း…ချစ်ရက်နဲ့ဝေးခဲ့ရတဲ့သူတို့ချစ်ခြင်းတွေကလည်း သင်းပျံ့နေတုန်း…အချိန်တွေကကုစားသွားမှာပါလို့ ကျွန်တော်တို့အမြဲပြောလေ့ရှိပေမဲ့ တချို့အဖြစ်အပျက်တွေဟာ အချိန်တွေဘယ်လောက်ကြာကြာဘယ်လောက်ပဲမေ့ပစ်ဖို့ကြိုးစားကြိုးစား ရုန်းထွက်ဖို့ခက်ခဲတတ်ကြတယ်။သူတို့ကကော ကိုယ်စီဘယ်လိုရုန်းထွက်ကြမလဲ…ဒီရုပ်ရှင်ဟာ သရုပ်ဆောင်တွေရဲ့ အသက်ပါချက်နဲ့တင် ကိုယ်တိုင်လည်းထပ်တူခံစားလာရသလို မွန်းကြပ်မှုတွေ နောင်တတွေ ဖြေဆည်မရဖြစ်ခြင်းတွေပါ တပြုံကြီးခံစားရစေမယ့် Drama ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။