ဒီရုပ်ရှင်က မတူညီတဲ့ ဇာတ်လမ်း ၄မျိုးကို တစ်ကားတည်းပေါင်းရိုက်ထားတာပါ…သရဲကားလည်းပါတယ် ဟာသလည်းပါတယ် လူတွေရဲ့ မနာလိုမုန်းတီးစိတ် အာဃတတရားတွေလည်းပါတယ်… အနီးကပ်သစ္စာဖောက်မှုတွေလည်းပါတယ်.. ချစ်ခြင်းမေတ္တာအကြောင်းလည်းပါတယ်… အိုး အစုံစုံကို ပါပါတယ်… ပါဆို ဇာတ်ကြောင်းက ၄ခုကိုးဗျ….ထုံးစံကြည့်နေကျအတိုင်း ဇာတ်ကြောင်းတစ်ခုတည်းကိုအချိန်အကြာကြီးပေးမကြည့်ချင်တော့ဘူး မတူညီတဲ့ရသတွေကို တထိုင်တည်း ခံစားလိုက်ချင်တယ်ဆိုရင် ၂နာရီလောက်သာရှိတဲ့ ဒီထိုင်းကားလေးကို ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခဗျာ