Jacir HD

Jacir

Drama HD 2023-03-24 6 105 Min

ဒီဇာတ်လမ်းက Syrian စစ်ဘေးရှောင် ဒုက္ခသည်တစ်ယောက်ဖြစ်တဲ့ Jacir အမေရိကန်ပြည်ထောင်စုရဲ့ Memphis မှာ နေထိုင်အလုပ်လုပ်ရင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဖော်ပြထားပါတယ်။ အင်္ဂလိပ်စကားကို သင်ယူရင်း အမေရိကန်လူနေမှုဘဝကို နေသားကျအောင် ကြိုးစားနေတဲ့ Jacir ပေါ့။ဒါပေမဲ့ တခြားနိုင်ငံမှာ အလုပ်လုပ်ရင်း နေထိုင်နေရတဲ့ Jacirဘဝက အရမ်းခက်ခဲခဲ့တယ်။ Syria မှာ​ သူ့မိသားစုဝင်တွေအကုန်လုံးကို ဆုံးရှုံးခဲ့ရတာမို့ Jacir တစ်ယောက်တည်း အာရပ်စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း စားဝတ်နေရေးအတွက်ငွေရှာရတယ်။ ဒီကြားထဲ လူမျိုးရေး ခွဲခြားတာတွေ၊ ရဲတွေဆီကနယ်နှင်ဒဏ်ခြိမ်းခြောက်ခံရတာတွေ၊ ဆင်းရဲချို့တဲ့မှုနဲ့ ​မူးယစ်ဆေးအပေးအယူ ကိစ္စတွေပါ ​ပါဝင်လာလို့ ပြဿနာပေါင်းစုံ ရှောင်လေတိုးလေ ဖြစ်လာတာပါပဲ။ဒီဇာတ်လမ်းမှာ လူအချင်းချင်း ကြင်နာတတ်ဖို့၊ Friendshipရဲ့အရေးပါပုံနဲ့ Jacir ရဲ့ ဘဝအပေါ် ခံယူထားတဲ့ အဓိကအချက်ဖြစ်တဲ့ “ဘယ်လောက်ပဲ နာကျင်ရပါစေ ပျက်ဆီးနေတဲ့ အရာတွေကိုပြန်ပြင်ပြီး ဘဝကို ပျော်​ပျော်နေထိုင်ဖို့” ဆိုတဲ့ နာကျင်မှုတွေကိုလက်လွှတ်တတ်ဖို့ကိုလည်း သင်ပေးသွားမှာဖြစ်လို့ အတုယူစရာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။