စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတစ်ယောက်က သူခံစားခဲ့ရတဲ့အတိုင်း ပြန်ကျူးလွန်မိတတ်ကြသလား?အသစ်ထွက်ရှိထားတဲ့ Windmill 2023 ဇာတ်ကားမှာဆိုရင်တော့ ဖခင်ရဲ့နှိပ်စက်ဆိုးသွမ်းမှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ ဂျောင်ဟွန်းဟာသူ့ဖခင်လိုလူမျိုး ဘယ်တော့မှဖြစ်မလာစေရဘူးလို့ စိတ်ဆုံးဖြတ်ထားပြီး လက်ဝှေ့အားကစားသမားဖြစ်ဖို့ပဲ ကြိုးစားနေခဲ့သူတစ်ယောက်ပါဒါပေမဲ့ တစ်နေ့မှာတော့ ဒုက္ခရောက်နေတဲ့ကောင်မလေးဆွန်းဟီကိုကယ်တင်ရင်းလူမိုက်အုပ်စုတစ်စုနဲ့ ပတ်သက်မိသွားခဲ့ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ လက်ဝှေ့သမားဖြစ်ဖို့ကို စွန့်လွှတ်လိုက်ရပါတော့တယ်ဒါ့အပြင် အဘိုးဖြစ်သူရဲ့ရောဂါကြောင့် ဂျောင်ဟွန်းတစ်ယောက်ငွေအသည်းအသန်လိုအပ်လာချိန်မှာတော့ လူမိုက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါလူမိုက်မဖြစ်ရဘူးလို့ စိတ်ပိုင်းဖြတ်ထားခဲ့တဲ့ ဂျောင်ဟွန်းတစ်ယောက် တကယ်ပဲ အပြစ်ကင်းကင်းစင်စင်နဲ့ နေသွားနိုင်ပါ့မလားဒါမှမဟုတ် သူကိုယ်တိုင်မသိလိုက်ခင်မှာတင် သူ့အဖေလိုလူမျိုး ဖြစ်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးနော်အဓိကသရုပ်ဆောင်တွေအဖြစ် B1A4 အဖွဲ့ဝင်ဟောင်း Cha Sun-Woo နဲ့ Lovelyz အဖွဲ့ဝင်ဟောင်း Yoo Ji-Ae တို့က ပါဝင်ထားကြတာဖြစ်ပါတယ်