This House HD

This House

Crime Drama Fantasy HD 2022-11-04 7 75 Min

၂၀၀၈ခုနှစ် Bridgeport မှာ အသက်ဆယ့်လေးနှစ်ကောင်မလေးတစ်ယောက်ကို သူ့အခန်းထဲမှာ သေဆုံးနေတာကိုတွေ့ခဲ့ကြပါတယ်။ ဆယ်နှစ်ကြာတဲ့နောက်မှာ ဒီကောင်မလေးရဲ့ ဝမ်းကွဲအစ်မဖြစ်တဲ့ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာMiryam Charles က သူ့ညီမကို အောက်မေ့တဲ့အနေနဲ့Cette Maison ကိုရိုက်ကူးဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ ဆယ်ကျော်သက်အရွယ်ကောင်မလေးကို သူ့အခန်းထဲမှာ ကြိုးဆွဲချပြီးသတ်သေထားတာကို သူ့အမေကတွေ့ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ပုံစံဖြစ်နေပေမဲ့ အလောင်းကိုခွဲစိတ်လိုက်တဲ့အချိန်မှာတော့ကောင်မလေးက သူ့ကိုယ်သူသတ်သေတာမဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရပြီး အသတ်ခံလိုက်ရတာပါတဲ့။ဒီဇာတ်လမ်းက လူသတ်မှုတရားခံကိုလိုက်ရှာတဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ သမီးဖြစ်သူသေဆုံးမှုက မိခင်နဲ့ တစ်မိသားစုလုံးအပေါ် ဘယ်လောက်ထိ သက်ရောက်ကြောင်း၊ ဘယ်နေရာကိုပဲရောက်နေပစေ ကိုယ့်နိုင်ငံ ကိုယ့်မျိုးရိုးဇစ်မြစ်ကို မေ့လို့မရနိုင်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။