When Love Springs HD

When Love Springs

Comedy Romance TV Movie HD 2023-05-06 6.2 90 Min

Junior PR ဖြစ်တဲ့ Rory Richards က သူ့မိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည် ​ကတိကဝတ်ပြန်တည်ပွဲအတွက်Lilac Lake တည်းခိုခန်းကို ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့မှာ သူ့ကိုလမ်းခွဲခဲ့တဲ့ ရည်းစားဟောင်း Jason နဲ့ တန်းတိုးတာပဲ။Jason မှာက ဘာဘီရုပ်လိုလှတဲ့ ရည်းစားကောင်မလေးအသစ် ရှိနေပြီ။ကောင်မလေး ချောချောလေးရနေပြီဖြစ်တဲ့ Ex ကို ပြန်တွေ့တော့ FA Rory လည်း လန့်ပြီး အရှက်မကွဲချင်လို့ဟိုတယ်ပိုင်ရှင်သား Noahကို သူ့ရည်းစားပါလို့ လိမ်ပြောလိုက်တယ်။ Noah မှာက သူ့အလုပ်တွေနဲ့ ရှုပ်နေပြီးသား။သူတို့ဟိုတယ် အခြေအနေမကောင်းတော့လို့ မရောင်းရအောင် ကြိုးစားနေတဲ့အချိန် Rory က သူ့ကို သူ့ရဲ့ရည်းစားအဖြစ် ဟန်ဆောင်ပေးဖို့ ဂျီတိုက်ခဲ့တယ်။ Noah လည်းငြင်းပေမဲ့ နောက်ဆုံးတော့ သူတို့တွေ အပေးအယူတစ်ခုပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဒီဇာတ်လမ်းလေးထဲမှာ ဟာသရသပေါင်းစုံနဲ့ ဆက်လက်ကြည့်ရူလို့ရပါတယ်…။