Mother’s Day is Cancelled HD

Mother’s Day is Cancelled

Comedy HD 2023-05-05 6.955 90 Min

၂၀၂၃ထွက် စပိန်၂စကားပြော comedy drama ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါပြီ ဇာတ်လမ်းအကျဉ်းကတော့ မာနွယ်လ်ဆိုတဲ့ RK လေးနဲ့ အက်စ်မရဲဒါ ဆိုတဲ့ကောင်မလေးဟာကျောင်းတက်ရင်းတွေ့ဆုံချစ်ကြိုက်ပြီးတော့ မိဘတွေကိုအသိမပေးပဲနဲ့ လက်စ်ဗီးဂတ်စ်မှာ ကောက်လက်ထပ်လိုက်ကြပါတယ် လပိုင်းအကြာမှာတော့ မင်းသားရဲ့အဖေ ဖရန်စစ်စကိုဆိုတဲ့သူဌေးကြီးကသူ့အကိုရင်းကပိုက်ဆံတွေလိမ်ပြေးသွားလို့ ဒေဝါလီခံရတော့မှာပါဒီအကြောင်းကိုလည်းသူဌေးကြီးနဲ့သူ့ချွေးမပဲသိတာပါဒီလိုနဲ့သူတို့လူမျိုးတွေအလေးထားကျင်းပကြတဲ့အမေများနေ့အရောက်မှာတော့မိသားစုနှစ်စုဟာအကြောင်းမျိုးစုံနဲ့ထမင်းလက်ဆုံစားဖို့အကြောင်းဖန်လပါတော့တယ်မိသားစုတွေစုံစုံလင်လင်ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရမဲ့နေ့ပေမဲ့မပျော်နိုင်တဲ့ကိစ္စတွေကမဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါမှာတော့….. ဟာသကားလေးဆိုပေမဲ့အရမ်းရီနေရတာမျိုးထက်အလွဲတွေအစုံနဲ့ မိသားစုကြားကဆက်ဆံရေးတွေကို ရသမျိုးစုံပေါ်လွင်အောင်ရိုက်ပြထားတာမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ကားလေးပါ ဒါရိုက်တာJavier Colinasရဲ့လက်ရာဖြစ်ပါတယ်