Faithfully Yours HD

Faithfully Yours

Thriller Mystery HD 2022-12-22 6.152 96 Min

အိမ်ထောင်ရှိတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် Bodil နဲ့ Isabel၊သူတို့ယောကျ်ားတွေ မသိအောင် ဖောက်ပြန်ဖို့ Belgian ကမ်းခြေဆီပိတ်ရက် ခရီးထွက်သွားကြတယ်။ ကမ်းခြေမှာ တစ်ယောက်တစ်နေရာဆီ လျှောက်သွားပြီး ပျော်ရင်း သူတို့ယောကျ်ားတွေကိုတော့ အတူတူရှိနေကြောင်း လိမ်ဖို့ အစီအစဥ်နဲ့​ပေါ့။ Isabel ရဲ့ ယောကျ်ားက သူ့မိန်းမကို စိတ်မချလို့ ဖုန်းမှာ GPS တပ်ထားတယ်။ အဲဒါကို သိတဲ့ Isabelက သူ့ဖုန်းကို Bodil ဆီ ပေးထားပြီး Bodil ကလည်း Isabel ယောကျ်ားဆီ ဓာတ်ပုံတွေပို့ရင်း အိမ်မှာရှိနေကြောင်း Isabel ဟန်ဆောင်ပြီး လိမ်တာပေါ့။ဒါပေမဲ့ Bodil တခြားယောကျ်ားတစ်ယောက်နဲ့ ကမ်းခြေသွားအပြီး အိမ်ပြန်တော့ ကြမ်းပြင်မှာ သွေးတွေရွှဲပြီး Isabel ​ပျောက်သွားတာကို သိရတယ်။ သူတို့ယောကျ်ားနှစ်ယောက်လည်း အဲဒီအိမ်ကို လိုက်လာပြီး ​ရဲတွေကစစ်ဆေးတော့ Bodil လိမ်ရင်း လိမ်ရင်းနဲ့ သူ့အလိမ်တွေကြားရှုပ်ကုန်တော့တယ်။ နောက်ပိုင်း Isabel အသတ်ခံလိုက်ရတာဖြစ်ကြောင်းသိလိုက်ရချိန်မှာတော့ Bodil ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ တရားခံကဘယ်သူလဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို သံသဃတွေနဲ့ ​ကြည့်ရှုရမယ့်Mystery ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။