Rare Objects HD

Rare Objects

Drama HD 2023-04-14 6 123 Min

ဂျပန်လက်မှုပညာထဲမှာ Kintsugiဆိုတဲ့ ပျက်ဆီးကျကွဲသွားတဲ့ အိုးခွက်လေးတွေကိုရွှေနဲ့ပြန်ပြုပြင်တဲ့ နည်းပညာတစ်မျိုးရှိပါတယ်။ဒီအက်ရာတွေ ကျိုးပဲ့ရာတွေ၊ပြုပြင်ထားတာတွေကြောင့် အရာဝတ္ထုတစ်ခုရဲ့ ပင်ကိုယ်ဘဝတစ်ခုဖြစ်လာတယ်လို့ယုံကြည်ကြပါတယ်။တစ်နည်းပြောရရင် အရာဝတ္ထုတစ်ခုဟာ ကျိုးပဲ့သွားလို့ ပိုလှပတန်ဖိုးတက်လာတာပါတဲ့။အခုဇာတ်ကားလေးဟာ ဒီအဓိပ္ပာယ်လေးနဲ့ပါပဲ။ကျောင်းတက်ဆဲအမျိုးသမီးငယ်တစ်ဦးဟာ ဆိုးဝါးလွန်းတဲ့ဘဝအချိုးအကွေ့တစ်ခုကြောင့် ပျက်ဆီးကြေကွဲနေသူပါ။တစ်ညတာ အဖြစ်ဆိုးကြောင့် စိတ်ဓာတ်တွေကျ ကိုယ်ဝန်ဖျက်ချခဲ့ရပြီး ပြန်နာလံထူအောင်ကြိုးစားနေရပါတယ်။ဒီလိုနဲ့ သူဟာ သူ့ကိုယ်သူပြန်တည်ဆောက်နိုင်အောင် ကျောင်းနား၊ အမေ့ကိုအိမ်ကိုပြန်လာနေရင်းနဲ့ပဲရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ခုမှာ အလုပ်ရသွားပါတယ်။ ဒီဆိုင်လေးမှာ အလုပ်လုပ်ရင်းနဲ့စစ်မှန်တဲ့လောက အလှတရားကို ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကိုတော့….