Raghavendra Storesဇာတ်ကားမှာတော့ Hayavadanaဟာ မိဘလုပ်ငန်းဖြစ်တဲ့ Raghavendraကိုဦးဆောင်ကာ မင်္ဂလာပွဲတွေရဲ့အကျွေးအမွေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပါတယ်။Hayavadanaတစ်ယောက်ဟာ သူများမင်္ဂလာပွဲတွေအတွက် ဟင်းချက်ပေးနေရပေမဲ့ကိုယ်တိုင်ကတော့ အသက်၄၀ရှိနေပြီဖြစ်တဲ့ လူပျိုသိုးကြီးတစ်ယောက်ဖြစ်တယ်။လက်ထပ်ဖို့ ကမ်းလှမ်းခဲ့တဲ့ သတို့သမီးလောင်းကလဲ Hayavadanaကိုငြင်းဆန်ကာ ညီဖြစ်သူကို ရွေးချယ်သွားကတည်းက Hayavadanaတစ်ယောက် အိမ်ထောင်ရေးကို မေ့ထားခဲ့ပေမဲ့ သူ့ဘေးနားက သူငယ်ချင်းတွေကပါအိမ်ထောင်ပြုကုန်ကြတဲ့အခါ အဖေဖြစ်သူကို သတို့သမီးရှာပေးဖို့ တောင်းဆိုခဲ့တယ်။အဖေဖြစ်သူက Hayavadanaအတွက်သတို့သမီးရှာပေးပေမဲ့ အဖေရွေးတဲ့လူကို သားက မကြိုက်၊သားရွေးတဲ့လူကို အဖေကမကြိုက်ဖြစ်နေတာကြောင့်Hayavadanaတစ်ယောက် စိတ်ဓာတ်ကျနေချိန်မှာဘဲ ပွဲတွေမှာ သီချင်းလိုက်ဆိုပေးတဲ့ မိန်းမချောလေးVajjanathiနဲ့တွေ့ဆုံခဲ့တယ်။Vajjanathiကလဲ အသက်၃၆နှစ်ပြည့်နေပြီဖြစ်တာကြောင့်Vajjanathiရဲ့အမေက သတို့သားလောင်းလိုက်ရှာနေတာပဲဖြစ်တယ်။Hayavadanaနဲ့ Vajjanathiတို့နှစ်ယောက် မင်္ဂလာပွဲတစ်ခုမှာ မတော်မဆတွေ့ဆုံပြီး အချင်းချင်းသဘောကျသွားချိန်မှာတော့သူတို့အချစ်ရေးခရီးလမ်းဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။