နေ့စဥ်လူနေဘဝမှာ စိတ်ပင်ပန်းစရာတွေ၊ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေက လူတိုင်းတွေ့ကြုံခံစားနေရတဲ့ကိစ္စတွေပါပဲ၊ “ငါက ဘယ်လိုလူလဲငါက ဘာမို့လို့ ဒါကိုမလုပ်နိုင်ရတာလဲ” စသဖြင့် မိမိကိုယ်မိမိယုံကြည်မှုပျောက်ဆုံးနေတာလည်း ပိုပြီးဆိုးရွားတဲ့ခံစားချက်ပါပဲ “။ ငါ လမ်းပျောက်နေပြီ၊ ငါဘာဆက်လုပ်မလဲ၊ ငါကဘာကောင်မှန်းမသိတော့ဘူး” ဒါတွေကကျွန်တော်တို့ အတွေးတွေထဲ အမြဲတစေ တခါတရံဖြစ်ပေါ်လာတတ်ပါတယ်။မိသားစုပြဿနာတွေ၊ အလုပ်ကိစ္စအဆင်မပြေတဲ့အခါ၊ သမီးရည်းစားရန်ဖြစ်တာမျိုးတွေမှာ၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမရတဲ့အခါမျိုးတွေမှာ စိတ်ရူးမတတ်အခြေအနေမျိုးတွေဖြစ်လာတတ်တယ်၊ အထူးသဖြင့် ခံစားချက်ကို ထိန်းချုပ်ဖို့မလွယ်တဲ့ ဆယ်ကျော်သက်အရွယ်တွေပေါ့။ဒီဇာတ်လမ်းမှာ ဆယ်ကျော်သက်တွေဖြစ်တတ်တဲ့ စိတ်ကူးအယဥ်လွန်ပြီးအမှားလုပ်မိတာတွေ၊ မိမိကိုယ်မိမိယုံကြည်မှုပျောက်ဆုံးတာ၊တဖက်လူရဲ့ခံစားချက်ကိုထည့်မတွက်ဘဲ ကိုယ်လုပ်ချင်တာလုပ်တတ်တာ၊ အရာရာကိုငါသိငါတတ်ဆိုတဲ့စိတ်အခံတွေ၊ မိဘနဲ့သားသမီးကြားက မလိုအပ်တဲ့ အသေးအမွှားပြဿနာလေးတွေကိုဖော်ကျူးထားတာဖြစ်လို့ ငါသာဆိုရင်သူ့နေရာမှာ ဘာလုပ်မလဲ စသဖြင့် ကိုယ်တိုင်ခံစားဖြည့်တွေးရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးမို့ ခံစားကြည့်ရှုလိုက်ကြပါဦး။