Asterix & Obelix: The Middle Kingdom HD

Asterix & Obelix: The Middle Kingdom

Comedy Family Adventure HD 2023-02-01 4.81 112 Min

Asterix နဲ့ Obelix ဆိုရင်တော့ comedy ပိုင်းမှာ မသိတဲ့သူမရှိအောင် နာမည်ကျော်တဲ့ ဇာတ်လမ်းတွဲတွေဆိုတော့ ထူးပြီးပြောစရာမလိုလောက်ပါဘူး။ Asterix ၏ စွန့်စားခန်းများ comicbook ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားတွေဖြစ်ပြီး၊ အခု 2023 မှာတော့ အသစ်စက်စက် စွန့်စားခန်းတစ်ခု ဆက်လက်ထွက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အီဗရာမိုဗစ်ကလည်း cameoအဖြစ် ပါလာသေးတာမို့ အားလုံး အကြိုက်တွေ့ကြဦးမှာပါ။ဇာတ်လမ်းကတော့ နေရာတကာမှာနယ်ချဲ့နေတဲ့ ရောမလူမျိုးတွေသိမ်းပိုက်လို့ မရသေးတဲ့ Asterix တို့ရဲ့ Gaul ဆိုတဲ့ ပြင်သစ်ရွာလေးမှာ အခြေခံထားပါတယ်။ တစ်ရက်မှာတော့ အဲဒီရွာလေးကိုမိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ တရုတ်ပြည်က ဧကရီဘုရင်မရဲ့သမီးတော်ဖြစ်သူ မင်းသမီးတစ်ပါးရောက်လို့လာခဲ့တယ်။ သူမကမင်းသားတစ်ပါးနဲ့ ထိမ်းမြားရမဲ့ မင်္ဂလာပွဲကို လက်မခံခဲ့တာကြောင့်ပုန်ကန်မှုတွေဖြစ်ပွားခဲ့ပြီး ထီးနန်းသိမ်းခံလိုက်ရချိန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့သူပါ။Gaul တွေကလည်း တရုတ်ပြည်က ငါတို့ပြည်ဆိုပြီး ခံယူထားတဲ့သူတွေဆိုတော့ အဆိုပါမင်းသမီးလေး တရုတ်ပြည်မှာ ပြန်ပြီးလက်စားချေနိုင်ဖို့ ကူညီပေးကြတော့တာပေါ့။ အဲဒီအတွက် အရဲရင့်ဆုံးစစ်သည်တော်နှစ်ဦးဖြစ်တဲ့ Asterix နဲ့ Obelix တို့ မင်းသမီးလေးရဲ့ပြည်တော်ပြန်ခရီးမှာ အကူအညီပေးနိုင်ဖို့ ဘယ်လိုတွေကြိုးပမ်းကြမလဲဆိုတာကို ရယ်မောဖွယ်ရာများနဲ့အတူ မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။