Zoom HD

Zoom

အတိတ်က ဂမ်မာ​ရောင်ခြည်စမ်းသပ်မှုမှာ ဇီးနစ်အဖွဲ့ဝင်လည်းဖြစ် အစ်ကိုလည်းဖြစ်သူ ကွန်ကားရှင်းတစ်​ယောက် စိတ်ရိုင်းဝင်သွားတာကို တိုက်ခိုက်ရင်း စွမ်းအင်​ပျောက်သွားတဲ့ ဟီးရိုး ဇွန်းမ် တစ်​ယောက် ဂျက်အဖြစ်သာမန်လူအနေနဲ့ အလုပ်လုပ်ရင်း ဇာတ်မြုပ်​နေရာက​နေ ​ကွန်းကားရှင်းတစ်​ယောက် ကမ္ဘာ​မြေဆီ နှစ် ၃၀​လောက် အကြာမှ ပြန်​ပေါ်လာမယ်လို့ ​ခြေရာခံမိသွားချိန်မှာ သူနဲ့ ယှဥ်ဖို့ စွမ်းအားသစ်ပိုင်ရှင် က​​​လေး​တွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့သစ်ကို ​လေ့ကျင့်​ပေးဖို့ တာဝန်ကျလာတဲ့အခါ…အဖွဲ့ဝင်သစ်​တွေနဲ့ ဘယ်လိုအခက်အခဲ​တွေ ရင်ဆိုင်ရမလဲ… ​နောက်ဆုံး ​အောင်မြင်မှုရရှိခဲ့လားဆိုတာကိုကြည့်ရမယ့် ဟာသ စူပါးဟီးရိုးကား​လေး တစ်ကားပဲဖြစ်ပါတယ်။ရုပ်ရှင်ပရိသတ်တိုင်းနဲ့ မကင်းတဲ့ Toy Story ကား‌တွေထဲက Buzz Lightyear အသံသရုပ်ဆောင် Tim Allen, ဂန္ထဝင်မြောက် Sitcom တစ်ခုဖြစ်တဲ့ FRIENDS မှာ Monica အနေနဲ့ သိခဲ့ကြတဲ့ မမ CourtneyCox တို့ ဦးဆောင်ပါဝင်ထားတာဖြစ်တာမို့ Rating မကောင်းတောင် Nostalgic ဖြစ်စေမယ့် ကားဟောင်းတစ်ကားပါပဲ။