Blood Karma HD

Blood Karma

Drama HD 2022-11-25 6 110 Min

ဗင်ဒယ်မိသားစုဟာ မိသားစုဝင်တွေအားလုံး စံအိမ်ကြီးတစ်အိမ်တည်းမှာ စုပြီးနေကြတဲ့မိသားစုကြီးပါ။ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ မိခင်ဖြစ်သူရယ် အဒေါ်ဖြစ်သူရယ် မောင်နှမလေးယောက်ရယ် အတူတူနေထိုင်ကြတာဖြစ်ပါတယ်။မိသားစုဟာ နတ်ကိုးကွယ်သူတွေဖြစ်ကြပြီး အယူလည်းသည်းကြပါတယ်။တစ်နေ့မှာတော့ သားအကြီးဖြစ်သူ နိုင်ငံခြားကနေ ပညာသင်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။သူပြန်လာတဲ့အချိန်ကစပြီး မိသားစုအတွင်း အဆင်မပြေတာတွေ ပရလောကနဲ့သက်ဆိုင်သလိုကိစ္စမျိုးတွေခပ်စိပ်စိပ်ဖြစ်လာခဲ့ပြီး မိသားစုကြီးလည်း အကြောက်အလန့်ကြားမှာ နေရပါတော့တယ်။ဗင်ဒယ်မိသားစုကြီး ဘာတွေဖြစ်နေတာလဲ။အဲ့ဒီကိစ္စတွေကရော ဘာတွေနဲ့ဆက်စပ်နေတာလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ကြရမှာဖြစ်ပါတယ်။Thrillerဇာတ်ကားဖြစ်တာနဲ့အညီ ထိတ်လန့်စရာအခန်းတွေကလည်း ဇာတ်လမ်းရဲ့အသက်တစ်ခုလိုဖြစ်နေပါလိမ့်မယ်။