ဇာတ်ကားအကြောင်းမပြောခင် မမ ကိတ်ဘက်ကင်ဆေးရဲ့အလှတော်လေး ချီးမွမ်းခန်းဖွင့်ချင်လို့ပါ။ သူဟာ အင်္ဂလိပ်မဆိုပေမဲ့အဖေရဲ့အဖွားက မြန်မာမစစ်စစ် မနှင်းဖြစ်လို့ မြန်မာသွေးကို ၈ ပုံ၁ ပုံလောက် ပါလာလို့လားမသိ အတော်ချောမောလှပတဲ့မင်းသမီးဖြစ်ပါတယ် ဒီကားထဲမှာဆို ဖွာလန်ကျဲနေရာတွေပါတာတောင်သူ့အလှကို ခံစားကြရဦးမှာပါ အသက်ငယ်လို့ငယ်ဂုဏ်မောက်တာမျိုးလည်းမဟုတ်ပါဘူး ကြီးတဲ့ထိ ကျက်သရေရှိရှိ လှနေတာမျိုးပါ။သူ့ရဲ့နာမည်ကြီးကားတွေဆို Underworld ကားတွေတို့ Van Helsing တို့ရှိကြပါတယ် ကြည့်ဖူးကြမှာပါအားလုံးလည်း။ ကဲ ဒီတော့ ဇာတ်လမ်းအကြောင်း ဆက်လိုက်ရအောင် “အသက်တစ်ရာမနေရ အမှုတစ်ရာပွေရ” ဆိုသလို ဇာတ်ကားနာမည်က ကိတ်မက်ကောရဲ့တရားခွင်များတဲ့ ပြောရမယ်ဆို မမရဲ့ရှုပ်ထွေးပွေလီ ပြဿနာများပေါ့။ရှေ့နေဖြစ်တဲ့မမဟာ အရက်စွဲနေတဲ့ပြဿနာရှိပြီး ရှေ့နေရုံးကနေလည်းဆိုင်းငံ့ခံထားရတယ် နောက်ပြီး ခံဝန်နဲ့ နေနေရတယ်။ မိသားစုရေးမှာလည်းသမီးဖြစ်သူကိုဂရုစိုက်မပေးနိုင်လို့ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရဖို့အမှုစွဲထားတာမျိုး ကြုံနေရပါတယ် ဒါက သူ့ ကိုယ်ရေးကိုယ်တာအမှုတစ်ခုပေါ့လေ။ အဲဒီမှာ ရှေ့နေရုံးကနေ အပြစ်ကိုပြန်လည်ပေးဆပ်စေချင်လို့အမှုတစ်ခုကို ပြန်လိုက်ခိုင်းပါတယ်။ ဒီအမှုကတော့ ချစ်သူဖြစ်သူကမုဒိမ်းကျင့်တာခံရ ရဲတွေမုဒိမ်းကျင့်တာခံရ ထောင်ကျတော့လည်းအစောင့်က မုဒိမ်းကျင့်တာခံရပြီးချစ်သူနဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေချိန်ချစ်သူကို အီစီကလီ လာလုပ်တဲ့ကောင်မလေးကို အဖော်တစ်ယောက်နဲ့သွားဖြဲရာကနေ လူသတ်မှုဖြစ်ခဲ့ပါတော့တယ်။ အဲဒီမှာ သူသတ်တာသေချာပါတယ်ဆိုတဲ့အမှုကိုမမတစ်ယောက် လိုက်ရာကနေ လွဲမှားနေတာတွေစတွေ့လာတဲ့အခါ… အမှုကို ဘယ်လိုမျိုး လိုက်ပေးမလဲ၊ မိသားစုရေးရာမှာ သမီးလေးကို အုပ်ထိန်းခွင့်ပြန်ရပါ့မလား၊ နောက်ထပ်ဘာပြဿနာတွေကြုံရဦးမလဲ စသဖြင့် တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တက်ပြီး ခေါ်သွားမယ့်တရားဥပဒေရုပ်ရှင်မျိုး ဖြစ်ပါတယ်။ လူတစ်ယောက်ဘဝတွေပျက်ခွေးဖြစ်လုနီးပါး ဖြစ်ခဲ့တာတောင်အဖော်ကောင်းတွေရှိပြီးသေသေချာချာလေး ကြိုးစားရင် ပြန်ထူထောင်နိုင်ပါတယ်ဆိုတဲ့စိတ်ခွန်အားလည်း ပေးသွားတဲ့ ဇာတ်ကားကောင်းလေးပါ။