ခင်ဗျားတို့ ဆေးခြောက်/ဝိသောက်ပြီး ဘယ်လောက်ထိစားသောက်ဖူးကြလဲ စားချင်စိတ်ဖြစ်ကျလဲ(ကျွန်တော်ကတော့ လမ်းဘေးထမင်းကြော်ကိုလိုက်ပွဲ ၆ ပွဲနဲ့ ဟင်းအပို ၃ ပွဲထိ စားဖူးတယ် ဤကား စကားချပ်)။ဒီရုပ်ရှင်ရဲ့ အဓိကအကြောင်းအရာကလည်းအဲဒီလို ဝိကွဲပြီး သွားငတ်ကြီးကျလို့ ဘေးကပ်ပေါင်း ၃၆၅ မျိုးလောက် ကြုံရတဲ့ရုပ်ရှင်။ဒီကားထဲက ဘဲနှစ်ပွေက တော်တော်စားတယ်၊။တစ်ယောက်ကကိုရီးယားကကောင် ကင်ချီသားသူကတော့ ဘဝကို ပုံမှန်အလုပ်လုပ်ပြီး ဖြတ်သန်းနေသူတစ်ယောက်။နောက်တစ်ယောက်ကကျ အိန္ဒိယား အာပနား ပရမ်းပတာကောင်စာတော်ပေမယ့် အလေကောင်ပေါ့ဗျာဒီနှစ်ယောက်က တိုက်ခန်းမှာ တူတူနေကြတာအလုပ်ပိတ်ရက်ဆို ဝိလေးကိုင်ပြီး ကွဲပြဲနေကြတဲ့ နှစ်ယောက်ပေါ့ဗျာ။တစ်ရက်ကျ ကင်ချီသားက သောကြာနေ့လေးအိမ်ပြန်နှပ်မလို့ကို အလုပ်ကကောင်တွေဂျင်းထည့်လို့အိမ်က အာပနားကိုတော်ပြီ အလုပ်ပါလို့ ဆေးခြောက်မသောက်ဘူးတားတာကို အာပနားက ဇွတ်မြူဆွယ်တာနဲ့ နှစ်ကောင်သား ချကြရော။အဲဒီမှာ ကွဲပြဲလာတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်းငတ်လာကြရောငတ်လာတော့ ဒီတစ်ခါ ဒယ်လီနဲ့ မှာမစားချင်ဘူးပေါ့တကယ်ကို ထိထိမိမိလေး သွားပြီး စားချင်လိုက်တာဆိုပြီးဖြစ်နေတဲ့အချိန် တီဗီမှာ White Castle ဟမ်ဘာဂါကြေငြာလာတော့နှစ်ကောင်သား ခွေးဘုရားပွဲတွေ့ပြီး အဲဒီဆိုင်ကို ကွဲကွဲနဲ့ သွားကြရော။ဒါပေမဲ့ အပြဲသမားနှစ်ယောက် ဒီဆိုင်ကို ချောချောမွန်မွန်ရောက်ကြပါ့မလား လမ်းမှာ ဘယ်လိုဒုက္ခပေါင်းစုံကြုံပြီးမှရောက်ကြမလဲဆိုတာ ခွီနေရမယ့်ကားပါ။ရွှေရင်နှစ်မွှာတွေ မိမွေးတိုင်း ဖမွေးတိုင်း ပြထားတဲ့အတွက်ကြည့်ဖို့တော့ သတိပြုစေလို (ကျောင်းသားဟာသကားဆိုတော့)။ငယ်ဘဝကကျောင်းသားဟာသကားထဲမှာ ဒီ Harold & Kumar လည်းစိုးမိုးခဲ့တဲ့ထဲမှာပါတယ် ဒါပေမဲ့ ကျွန်တော်တို့သိကြတဲ့ကားက CM က တင်ပြီးသားဖြစ်တဲ့ Escape to Guatanamo Bayဆိုတဲ့ကားတကယ်တမ်း ဒီ White Castle ကားကြည့်ပြီးမှ အဲဒီကားကို ဆက်ကြည့်သင့်တာတိုက်ရိုက်ဆက်ထားတာဖြစ်လို့။နောက်ထွက်လာတဲ့ Christmas ကတော့ သီးခြားသက်သက်ဖြစ်သွားပြီ။American Pie စီးရီးတွေလို Euro Trip လိုမျိုးပေါက်ကရကျောင်းသားဟာသကားခရေဇီအတွက်ကတော့ဒီကားတွေကတော့ ရွှေပါပဲ။လူမျိုးရေးခွဲခြားမှု အာရှသားတွေအနှိမ်ခံရမှုရဲတွေအနိုင်ကျင့်မှုတွေကိုလည်း ပါးပါးလေး ပုတ်ပြသွားတာလေးတွေလည်းထည့်ပြီးသရော်ထားပါသေးတယ်။ကဲ ပြောနေရင် စာရှည်တယ်ဗျာ ပြေးသာ ကြည့်လိုက်ပါတော့။ကျန်တဲ့ ကားတွေအောက်က လင့်တွေမှာ ကြည့်ရှုပါ