Bon Bini: Judeska in da House HD

Bon Bini: Judeska in da House

Comedy HD 2020-12-10 6.7 81 Min

ဇာတ်လမ်းအကျဉ်းက ဂျူဒပ်စကာတစ်ယောက် သူ့တူမကိုရည်းစားကောင်လေးအိမ်လမ်းကြုံလိုက်ပို့ပါတယ်။ ကောင်လေးရဲ့အဖေ နိုင်ငံတော်အတွင်းဝန်ဖြစ်သူဟာ ထိုနေ့မှကပ်ဆိုးရောဂါကိုဗစ်၁၉နဲ့ပါတ်သတ်ပြီး အိမ်၌ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်ပါတယ်။ ဂျူဒပ်စကာဟာ အလိုက်ကမ်းဆိုးမသိ ဂရုလည်းမစိုက်တဲ့တော်တော် ဂွကျတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီးနှာဘူးထလိုက်တာဆိုသည်မှာ လည်းကမ်းကုန်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွင့်နေတဲ့ သတင်းစာရှင်းလင်းပွဲ၌ ဂျူဒပ်စကာဝင်နှောက်ပါတော့တယ်။စာနယ်ဇင်းသမားတွေမေးခွန်းထုတ်တဲ့အခါ အတွင်းဝန်လည်း ချော်လဲရောထိုင်ကာ အဆိုပါလူမည်းအမျိုးသမီးနှစ်ယောက်အား သူ့အိမ်တွင် လော့ဒေါင်းကာလ နှစ်ပတ်အတွင်း နေထိုင်ရန် ဖိတ်ခေါ်ထားကြောင်းပြောပါတော့တယ်။ ပြဿနာက လူမည်းကောင်မလေးနဲ့သူ့ရဲ့သားကိုသဘောမတူနိုင်တဲ့ ဂုဏ်သရေရှိမျိုးရိုးမှဆင်းသက်လာတဲ့ ဝန်ကတော် လက်စ်လော့ပဲဖြစ်ပါတယ်။ မဟုတ်မခံ ကိုယ့်ကိုလာလုပ်ရင် နှစ်ဆလောက်ပြန်တွယ်ရမှကျေနပ်တဲ့ ဂျူဒပ်စကာနဲ့ လူမျိုးရေးခွဲခြား ဧည့်ဝတ်မကျေတဲ့ လက်စ်လော့တို့ ထိပ်တိုက်တွေ့ကြပုံများကိုဟာသနှောကာကြည့်ရှုရမှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဟာအကြောင်းရာထက် တင်ပြပုံကိုသာဦးစားပေးကြည့်သင့်ကြောင်းသတင်းပါးလိုပါတယ်။ ကြည့်ရှုခံစားကြပါခင်ဗျာ။