Sliding Doors HD

Sliding Doors

Comedy Drama Fantasy Romance HD 1998-04-23 6.6 99 Min

ကျွန်တော်တို့ရဲ့ဘ၀မှာ ဒီလိုမျိုးအခိုက်အတန့်လေးတွေလူတိုင်းမှာရှိခဲ့ကြတယ်။ငါဒီလိုမျိုးလုပ်ခဲ့ရင်/မလုပ်ခဲ့ရင်, ဒီကားကိုမှီခဲ့ရင်/မမှီခဲ့ရင်,င်းကိုရွေးချယ်ခဲ့ရင်/မရွေးချယ်ခဲ့ရင်ငါသူ့ကိုခွင့်လွှတ်ခဲ့/ခွင့်မလွှတ်ခဲ့ရင် ငါ့ဘ၀ကြီးကအခုလိုမဟုတ်ပဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးမိစိတ်ကူးယဉ်မိကြသေးတာပဲ။ဒီဇာတ်ကားလေးရဲ့ အဓိကအချက်ကလည်း ဒါလေးကိုပါပဲ။ဟယ်လန်ဆိုတဲ့ ကောင်မလေးအလုပ်ပြုတ်ပြီးအိမ်အပြန် ရထားကိုမှီမမှီဆိုတာကနေစဉ်းစားကြည့်ရအောင်ရထားမှီလို့အိမ်ကိုစောစောပြန်ရောက်ပြီးရည်းစားကဖောက်ပြန်နေတာမိလိုက်ရင်ဟယ်လန်ရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်သွားမလဲ။အကယ်၍ရထားမမှီခဲ့လို့ နောက်ကျမှပြန်ရောက်ပြီးရည်းစားရဲ့မပိရိတဲ့အလိမ်အညာတွေအောက်မှာပဲ သံသဃတွေနဲ့သူမရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်ဦးမှာလဲရထားကြီးရဲ့ လျှောတံခါးနှစ်ချပ်လိုဖြစ်နေတဲ့ဒီအခြေအနေနှစ်ခုကဟယ်လန့်အတွက်အဆုံးသတ်မှာဘယ်လိုဖြစ်မလဲဆိုတာကို Sliding doorsဆိုတဲ့ဇာတ်ကားလေးမှာ ခံစားကြည့်ရှုပေးကြပါဦး