ကျွန်တော်တို့သူငယ်ချင်းတွေ ရည်းစားစရပြီဆိုရင်တော့ ကျွန်တော်တို့ရွဲ့ပြောနေကြစကားတစ်ခွန်းကတော့ အချိန်တန်ရင်ပြတ်တာပဲပေါ့။Relationship တစ်ခုရယ်လို့ဖြစ်လာပြီးဆိုရင်တော့ endingက ၂ ခုတည်းရယ်ပါ။ပြတ်တဲ့လမ်းမှာ အဆုံးသတ်ခဲ့တာတွေလည်းများသလို ရှားရှားပါးပါး အချစ်စစ်နဲ့လက်တွဲရတာတွေလည်းရှိပါတယ်။သေချာတာတစ်ခုကတော့ လက်တွဲဖော်တစ်ယောက်ရှာတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် move onတတ်ခြင်းအနုပညာကတော့ လူတိုင်းအတွက်လိုအပ်မှာပါပဲ။စီယန်နာဆိုတဲ့မိန်းကလေးက MMAfighter တွေကို လေ့ကျင့်ပေးနေတဲ့ နည်းပြတစ်ယောက်လက်ရှိမှာ တစ်ချိန်က MMAလောကရဲ့ဂန္တဝင်ကြီး ဂျူလီယန်ဂျိမ်းစ်ရဲ့ကလပ်မှာ အလုပ်လုပ်နေသူပေါ့။မိဘတွေဆုံးပါးသွားတဲ့ သူ့အတွက်တော့ ကျန်ခဲ့တဲ့တစ်ဦးတည်းသောမိသားစုဖြစ်တဲ့ ညီမလေးဘက်သ်က သူ့ဘဝအတွက် အရာရာပါပဲ။ဒီလိုနဲ့ နည်းပြမမကို နှလုံးသားတံခါးခေါက်ဖို့လာတဲ့ဂျက်စ်ဆိုတဲ့ဖိုက်တာလေးကြောင့်ယစ်မူးစေတတ်တဲ့အချစ်ဆိုတဲ့အရာမှာ ပျော်ဝင်သွားခဲ့တဲ့စီယန်နာတစ်ယောက်သူ့ဘဝရဲ့နံပါတ် ၁ က ဘက်သ်ဆိုရင် နံပါတ် ၂ က ဂျက်စ်ဖြစ်လာတဲ့အထိပါပဲ။ဒါပေမဲ့ သူ့ရဲ့အရေးအပါဆုံးလူ ၂ ယောက် ဖောက်ပြန်နေတဲ့မြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရတဲ့အချိန်တစ်ခဏကသူ့ရဲ့ကမ္ဘာကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေတော့တာပါပဲ။သူ့ရဲ့ကမ္ဘာကြီးက သူ့ကိုသစ္စာဖောက်သွားသလို ခံစားလိုက်ရတဲ့ နာကျည်းချက်အပြည့်နဲ့ စီယန်နာတစ်ယောက်ဂျက်စ်ကိုအနိုင်ယူနိုင်မဲ့ဖိုက်တာကိုရှာရင်းနဲ့ traumaတွေနဲ့ မြေအောက်ခန်းထဲပုန်းနေတဲ့ underground fighter ကေဒန်ကို တွေ့သွားတဲ့အခါမှာတော့ဂျက်စ်ကိုထိုးဖို့ဓားတစ်လက်လို ထက်အောင်သွေးဖို့ လေ့ကျင့်ပေးဖို့ကြိုးစားပါတော့တယ်။အဲဒီနောက်မှာတော့…