ဇာတ်ကားထဲမှာ မန်ဒီယန်းဆိုတဲ့ကောင်မလေးက “I am my ownperson” ဆိုတဲ့ feministလေးဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်ကတော့ဟားဗတ်ကိုသွားပြီး သူလေးစားရတဲ့သူ့idolဆီမှာစာသင်ချင်တာပါတဲ့။ဒါပေမဲ့ ဟားဗတ်ကသူ့ကို စောင့်ဆိုင်းစာရင်းထဲထည့်လိုက်ပါတယ်။စောင့်ဆိုင်းစာရင်းဆိုတာက အငြင်းခံရတာနဲ့ သိပ်မကွာပါဘူး။ဒါကြောင့် မန်ဒီယန်းက ဟားဗတ်ကိုဝင်ခွင့်ရဖို့အတွက်ဟားဗတ်ကျောင်းသားဟောင်း အထက်လွှတ်တော်အမတ်ဆီကနေ ထောက်ခံစာတောင်းဖို့ကြံပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီအမတ်ရဲ့သားက မန်ဒီယန်းအထင်သေးတဲ့ သူတို့ကျောင်းက ရေပန်းအစားဆုံးဘတ်စကတ်ဘောကစားသမားဂရေဟမ်လန်ဆင်းဆိုတဲ့ကောင်လေးဖြစ်နေပါတယ်။ဒီလိုနဲ့မန်ဒီယန်းတစ်ယောက် သူ့အိပ်မက်ကိုပဲစွန့်လွှတ်မလား ဒါမှမဟုတ်သူ့စံတန်ဖိုးတွေကို စွန့်လွှတ်ပြီးဟားဗတ်ကိုဖြစ်တဲ့နည်းနဲ့ ရောက်အောင်သွားမလား သူ့ဘဝကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုကြည့်ရှုခံစားလိုက်ကြပါဦး။