HD
The Last Kingdom: Seven Kings Must Die
ဗိုက်ကင်းကားတွေ၊ သတ်ဖြတ်ခန်းခပ်ကြမ်းကြမ်းတွေနဲ့ ကြည့်ရှုရတာကြိုက်တယ်ဆိုရင် “The Last Kingdom: Seven Kings must die” ဆိုတဲ့ ဒီကားကိုတော့ လက်မလွှတ်သင့်ပါဘူး ဒီကားလေးဟာဆိုရင် Bernard Cornwell ရေးတဲ့ “The Saxon Stories” ဆိုတဲ့စာအုပ်ကိုအခြေခံထားတာဖြစ်ပြီးတော့ “The Last Kingdom” ဆိုတဲ့စီးရီးရဲ့အဆက်လည်းဖြစ်ပါတယ်ဒီကားထဲမှာဆိုတော့ဘုရင်အက်ဒ်ဝပ်သေဆုံးသွားပြီးတဲ့နောက်မှာ ကျူးကျော်ဝင်ရောက်သူတွေနဲ့ ဆက်ခံသူတွေဟာထီးနန်းအတွက်အပြင်းအထန်ပြိုင်ဆိုင်ကြပါတော့တယ် အဲဒီမှာအူထရာက တစ်ဖန်ထပ်ပြီးတော့ စည်းလုံးတဲ့အင်္ဂလန်ကိုတည်ထောင်နိုင်ဖို့အတွက် သူ့ရဲ့ရဲဘော်ရဲဘက်တွေနဲ့ တိုက်ပွဲထဲကိုထပ်ပြီး ခြေချရတော့တာပေါ့အင်္ဂလန်နိုင်ငံရဲ့ ထီးနန်းအတွက် ဘယ်လိုတွေအပြင်းအထန်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြသလဲ၊ ဘယ်လိုသွေးချောင်းစီးတဲ့တိုက်ပွဲတွေဖြစ်ခဲ့သလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်