Murder Mystery 2 HD

Murder Mystery 2

Action Comedy Mystery HD 2023-03-28 6.447 91 Min

Nick Spitz နဲ့ Audrey Spitz တို့ သူတို့ စုံထောက်လုပ်ငန်းမှာအလွဲတွေချည်းလုပ်ပြီး ဒေဝါလီခံလုနီးပါးအချိန်မှာ သူတို့ရဲ့သူငယ်ချင်း ဘီလီယံနာသူဋ္ဌေးဆီက မင်္ဂလာဆောင်ဖိတ်တာကိုခံလိုက်ရတယ်။ သူတို့လည်း လက်ခံလိုက်ပြီး ဥရောပကို ခရီးထွက်လာကြတာပေါ့။ ရောက်လည်းရောက်ရော ဘီလီယံနာသူဋ္ဌေးရဲ့ အပျံ့စားဧည့်ခံမှုတွေကြောင့် ပျော်နေချိန်မှာပဲ မကြာလိုက်ပါဘူး၊ ပြဿနာအကြီးကြီးတက်တော့တာပဲ။ သတို့သားဘီလီယံနာသူဋ္ဌေးကို မင်္ဂလာဆောင်မှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။အဲဒါကြောင့်Nick နဲ့ Audrey လည်း စုံထောက်တွေအဖြစ် တရားခံကိုရှာဖွေဖို့ သံသယဝင်သူတွေကို စစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီသံသယဝင်ခံရတာက Nick နဲ့ Audreyဆီကို ပြန်လည်ရောက်လာတော့ ပိုရှုပ်ထွေးသွားပြီး Spitzes စုံတွဲရဲ့ ဘယ်လိုအလွဲတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဟာသဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေအတွက် Recommend အများကြီးပေးတဲ့ ဇာတ်လမ်းလေးဖြစ်သလို ဒီသရုပ်ဆောင်နှစ်ယောက်ကို ပေါင်းစည်းတွေနေရတာကိုကအတော်လေးမိုက်နေပါပြီ။