Bull Demon King Rise Again FHD

Bull Demon King Rise Again

Fantasy FHD 2023-03-26 8.3 87 Min

ကောင်းကင် နဲ့ မြေကြီး နယ်ပယ်တွေ ဖန်ဆင်းပြီးတဲ့နောက်မှာ ကောင်းကင်ဘုံ မသေမျိုးနတ်မင်းတွေနဲ့ နတ်ဆိုးနယ်မြေက နတ်ဆိုးမျိုးနွယ်စုတို့ဟာအေးချမ်းစွာနဲ့ပဲ အတူတူ နေထိုင်လာခဲ့ကြပါတယ် ။ဒါပေမဲ့ တစ်နေ့မှာတော့ နတ်မျိုးနွယ်တွေဟာ နတ်ဆိုး ၊ မိစ္ဆာမျိုးနွယ်စုတွေကို အထင်သေးပြီး အသက်တစ်ချောင်းကိုလဲပဓာဏ မထားပဲ သတ်ပစ်လာခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့်နတ်ဆိုးမျိုးနွယ်တွေရဲ့ ခေါင်းဆောင် နွားနတ်ဆိုးလို့ခေါ်တဲ့အားနျိုဟာ နတ်မျိုးနွယ်တွေကို ရုတ်တရက်ဆိုသလို တိုက်ခိုက်ခဲ့ပါတယ် ။ ဒါပေမဲ့ အင်အားချင်းမမျှတာကြောင့် နတ်မင်းတွေရဲ့ အပြစ်ပေးချင်းကိုခံရပြီး သူလေ့ကျင့်ထားသမျှ စွမ်းအားတွေဟာလဲ ပျက်ဆီးသွားခဲ့ပါတော့တယ် ။ဒီလိုနဲ့ အားနျိုတစ်ယောက် သာမန်လူလိုပဲ လူ့ပြည်မှာသွားလာကျက်စားနေရင်းယဲ့ရှောင်းရှောင်းဆိုတဲ့ မိန်းမပျိုလေးနဲ့ တွေ့ဆုံကြုံကြိုက်ခဲ့ပါတယ် ။တွေ့ဆုံမှုကနေတစ်ဆင့် ကံကြမ္မာဖန်လာပြန်တော့ နှစ်ဦးသားအတူတူ ခွင်းလွင်တောင်မှာ ရှိတဲ့ ရတနာကို ဖေးယွင်ရန်းကိုယူဆောင်ဖို့ အတွက်ခရီးဆက်ခဲ့ကြတဲ့အခါ မှာတော့…?