Netflix က အသစ်ထပ်ထွက်လာတဲ့ ဒီ Action, Drama ရုပ်ရှင်ကတော့ လောလောဆယ်မှာ RT 92% တောင်ရထားတာဖြစ်ပါတယ်… ဘို့ဆွန်းဆိုတဲ့ အမျိုးသမီးက နာမည်ကြီး ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တယ်.. သူတို့လောက က တကယ်တော့ တရားဝင် ဟန်ပြကုမ္ပဏီထောင်ကြပြီး နောက်ကွယ်မှာတော့ ကြေးစားလူသတ်သမားတွေမွေးထုတ်ပြီး ဒိတ်ဒိတ်ကျဲတွေကို အခကြေးငွေယူပြီးသတ်ပေးပါတယ်.. ဒီလူတွေထဲမှာ ဘို့ဆွန်းကတော့ တိုက်ရည်ခိုက်ရည်ပြည့်ဝပြီး အောင်မြင်မှု ၁ ရာခိုင်နှုန်းပဲရှိရင်တောင် ဖြစ်အောင်လုပ်နိုင်လို့ သူတို့လောကမှာတော့ အားလုံးက ကြောက်ရွှံလေးစားကြပါတယ်.. ဘယ်အလုပ်မဆို အနားယူရမဲ့ အချိန်ကာလဆိုတာ ရှိကြတယ်မလား..ဘို့ဆွန်းမှာလည်း သမီးလေးတစ်ယောက်ရှိသလို ဒီလောက က အနားယူပြီး အေးဆေး သာမန်မိခင်တစ်ဦးအနေနဲ့ နေချိန်တန်ပြီလို့ သူမ ယူဆလာတယ်.. ဒါ့ကြောင့် အနားယူဖို့ ပြင်ဆင်ခါ မှ သူမ မမျှောလင့်ထားတဲ့အရာအားလုံးဖြစ်ပျက်ခဲ့သလို ဒီလောကကြီးထဲက အတော်ဆုံးဆိုသော ကြေးစားလူသတ်သမားတွေ သူမနောက်ကို တစ်ပြုံကြီးလိုက်လာကြတဲ့အခါမှာတော့…