The Haunting FHD

The Haunting

Fantasy Thriller FHD 2023-03-25 8.3 63 Min

အိမ်ခြံမြေလုပ်ငန်းရှင်Jiang Shuoရဲ့ အိမ်အရောင်းဝယ်လုပ်ငန်းကို လုပ်ကိုင်ရင်း ကြုံတွေ့ရတဲ့အတွေ့အကြုံလေးအကြောင်းပဲဖြစ်ပါတယ်။ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီးအလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။Jiangက အဲဒီလိုအိမ်ရှင်တွေဆီကနေပြီး ဗိုက်နာစျေးနဲ့ဝယ်ပြင်ပြင်ဆင်ဆင်လုပ်ပြီး စျေးပြန်မြှင့်ပြီးရောင်းတဲ့အိမ်ခြံမြေလုပ်ငန်းရှင်လူဖျံလေးတစ်ယောက်ပေါ့… တစ်နေ့မှာတော့ Jiangဆီကို တိုက်ကြီးတစ်တိုက်ကိုစျေးပေါပေါနဲ့လာရောင်းပါတယ်။သူတို့အိမ်သွားကြည့်တဲ့နေ့ဟာ တစ္ဆေပွဲတော်နေ့ဖြစ်ပြီးတိုက်ကြီးမှာနေတဲ့သူတွေက ပူဇော်ပွဲလုပ်နေကြပါတယ်။တိုက်ကြီးမှာနေတဲ့သူတွေက ဖီပါးကုန်းဆိုတဲ့နတ်ကို ကိုးကွယ်ကြသတဲ့။အိမ်ကြီးကလဲ ကျောချမ်းစရာအပြည့်နဲ့ ခြောက်ချားစရာကြီးနဲ့ဖီပါးကုန်းဆိုတာဘာနတ်မှန်းလဲမသိတော့ Jiang ရဲ့လုပ်ဖော်ကိုင်ဖက်ကမဝယ်ဖို့တားတာပေါ့။ဒါပေမယ့် အိမ်ရှင်ကစျေးကိုအဆမတန်လျှော့ပေးတော့စျေးပေါတာကြိုက်တဲ့ Jiang တစ်ယောက်ဝယ်လိုက်ပါလေရော…..သူ့လက်ထဲကိုအိမ်ကြီးရောက်လာပြီးမှ ဖီးပါးကုန်းရဲ့ကျိန်စာကြောင့်သေတယ်ဆိုပြီး လူတွေဆက်တိုက်သေလာပါတယ်……ရှေ့ဆက်ပြီးကျန်းတို့အဖွဲ့ဘာတွေကြုံတွေ့ကြရမလဲ……လူတွေသေရတဲ့နောက်ကွယ်ကအမှန်တရားကရောဘာတွေဖြစ်နေမလဲ……ကျန်းတို့အဖွဲ့ကဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုခြောက်ချားစရာတွေကြားမှာဟာသလေးနှောပြီး စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။