နစ်ကီဆိုတဲ့ နယူးယောက်က ရုပ်ရှင်တည်းဖြတ်ရေးဌာနမှ ာအလုပ်လုပ်နေတဲ့ အသက် ၂၀ ဝန်းကျင်ကောင်လေးဟာ မွေးရပ်မြေ လော့စ်အိန်ဂျလိစ်ကရည်းစားဟောင်းလီလီကို မေ့မရသေးတဲ့သူပေါ့။ သူနဲ့လီလီရဲ့ဇာတ်ကြောင်းကိုတော့ အကျယ်တဝင့်မဖော်ပြထားပါဘူး။ နစ်ကီတို့ရဲ့နွေရာသီအားလပ်ရက်သူငယ်ချင်းဟောင်းတွေ့ဆုံပွဲက Conversation အရ နစ်ကီနဲ့လီလီတို့ တွဲခဲ့ကြဖူးတယ်။ နစ်ကီရဲ့သူငယ်ချင်းတစ်ယောက်နဲ့လီလီအတူအိပ်ခဲ့တဲ့ကိစ္စက နစ်ကီကိုအသဲကွဲစေခဲ့တယ်။နစ်ကီရဲ့မကောင်းတဲ့အချက်တစ်ခုက လိင်ကိစ္စကိုစွဲလမ်းနေတာပါ။ မိသားစုနဲ့ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးမရှိတာရဲ့သက်ရောက်မှုလည်းဖြစ်နိုင်ပါတယ်။ တခြားတဖက်မှာလည်း နစ်ကီဟာ လီလီနဲ့အတူတူ Commitment ရှိတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ချင်တယ်။ သူ့ရဲ့ အားလပ်ရက်အိမ်ပြန်ခရီးဟာ သူမျှော်လင့်သလိုတော့မဖြစ်ခဲ့ပါဘူး….အနှစ်ချုပ်ရရင် တစ်ခါတလေမှာ Move On လိုက်တာက ကိုယ့်အတွက်ရော ရည်းစားဟောင်းအတွက်ပါအကောင်းဆုံးအဖြေတစ်ခုဖြစ်နေနိုင်တယ်ဆိုတာပါပဲ။ နစ်ကီ ညတိုင်းအိမ်ပြန်လာဖြစ်မယ့်အကြောင်းရင်းက ဘယ်သူဖြစ်လာမလဲဆိုတာကိုလည်းဆက်ပြီးကြည့်ရှုလိုက်ပါဦး