Mountain Ghost Wild Ghost FHD

Mountain Ghost Wild Ghost

Action Fantasy FHD 2023-03-19 3 71 Min

“ကျဲ” တောင်တန်းဆီက သေရာကနေ ပြန်လည်ရှင်သန်နိုင်တယ်ဆိုတဲ့ပယင်းကျောက်စိမ်းတုံးရဲ့ထူးဆန်းဖွယ် ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ် …!ကျဲ တောင်လို့ အမည်ရတဲ့ တောင်​ခြေမှာ ချန်ရှို့ဆိုတဲ့ ရွာငယ်လေးတစ်ရွာက တည်ရှိလို့နေခဲ့ပါတယ် ။ အဲဒီရွာငယ်လေးဟာအမဲလိုက်ခြင်းကို အားပြုပြီး အသက်မွေးဝမ်းကြောင်းပြုရတဲ့ ရွာငယ်လေးပါ ။သူတို့နဲ့ အနီးအနားမှာရှိတဲ့ ကျဲ တောင်ကို ဝင်ရောက်သွားကြတဲ့သူတိုင်းဟာလဲ တစ်ယောက်မှ အသက်ရှင်လျှက်ပြန်မလာနိုင်ခဲ့ကြပါဘူး ။ဒါကို စုံစမ်း သိရှိလိုတဲ့ ထျန်းရှီး လို့ခေါ်တဲ့ လူငယ်လေးဟာရွာသူကြီးရဲ့ အမိန့်ကို အာခံပြီး ကျဲ တောင်ဆီ ရွာသားတစ်ချို့နဲ့သွားရောက်ခဲ့ပါတယ် ။ ဒါပေမဲ့လဲ ထျန်းရှီး အပါအဝင် ရွာသားတစ်ချို့ဟာသေဆုံးလျှက်ပဲ ပြန်လည်ရောက်ရှိခဲ့ပါတယ် ။ တစ်ဆက်ထဲမှာပဲထူးဆန်းတဲ့ အဖြစ်အပျက်က ဖြစ်ပေါ်ခဲ့လေတော့တယ်အဲ့တာကတော့ ထျန်းရှီးဟာ ပြန်လည်ရှင်သန်လာချင်းပါပဲ ။ဒီလိုနဲ့ ထျန်းရှီးဟာ သူ့ရဲ့ သေဆုံးသွားကြတဲ့ ရွာသူရွာသားတွေအတွက်“ပယင်းကျောက်စိမ်းတုံး” ကို ပြန်လည်ရှာဖွေဖို့ သခင်ကြီးဝူဆိုသူတို့နဲ့ ကျဲတောင်ဆီ ပြန်လည်ခရီးဆက်တဲ့အခါမှာ…