ခရစ်စမတ်နီးလာပြီဆိုတော့ ခရစ်စမတ်အငွေ့အသက်တွေနဲ့ နွေးနွေးထွေးထွေးကြည့်ရမယ့် Drama / Romance ကားကောင်းလေးဖြစ်ပါတယ်ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ အိမ်အသစ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဂျူလီအကြောင်းကနေ စတင်ထားပါတယ်။ သူမဟာ ကွယ်လွန်သွားတဲ့ အဘွားဖြစ်သူဆီကနေ အမွေဆက်ခံရရှိခဲ့တဲ့ ပရိဘောဂပစ္စည်းလေးတွေကို အသုံးပြုပြီး အိမ်ကို အလှဆင်နေပါတယ်။ အဲဒီထဲမှာ သူမရဲ့ ပထမဆုံး ခရစ္စမတ်အိဗ် ညစာစားပွဲမှာ ဧည့်ခံဖို့ ရည်ရွယ်ထားတဲ့ထမင်းစားစားပွဲဝိုင်းကြီးလည်း ပါဝင်ပါတယ်။ ဧည့်သည်စာရင်းကို အပြီးအပြတ် မသတ်မှတ်ရသေးပေမဲ့လည်း... ဂျူလီ ဟာ အဘွားဖြစ်သူရဲ့ စိတ်ဓာတ်ကို အတုယူကာ သူမရဲ့ ခရစ္စမတ် စားပွဲဝိုင်းဆီ ဘယ်သူတွေ လာရောက်ဆုံစည်းကြမလဲဆိုတာကို ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ စောင့်မျှော်နေပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ ဘဝထဲကို မထင်မှတ်ထားတဲ့ ချစ်စရာကောင်းတဲ့ ဧည့်သည်တွေနဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ် ဝင်ရောက်လာပြီး ခရစ္စမတ်ညကို ဘယ်လို နွေးထွေးပျော်ရွှင်စရာတွေနဲ့ ဖြတ်သန်းကြမလဲဆိုတာကို ကြည်နူးဖွစရာကြည့်ရမှာ ဖြစ်ပါတယ်။