Paradise Lost FHD

Paradise Lost

Thriller Drama Science Fiction FHD 2026-10-21 6.2 101 Min

၉ နှစ်အကြာမှ ပြန်ဆုံရတဲ့ သားလေးက လူသတ်သမား ဖြစ်နေမယ်ဆိုရင်... ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ Train To Busan, The Ugly, Colony တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ယွန်းဆန်းဟို ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားပြီး လက်ရှိပြသနေတဲ့ 100 Days of Deception ထဲက မင်းသမီးကြီး Kim Hyun-Joo နဲ့ The Substitute ထဲက မင်းသား Bae Hyeon-Seong တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးပဲ ဖြစ်ပါတယ်။ The Ugly လို ဘတ်ဂျက်နည်းနည်းနဲ့ လူ့စိတ်သဘာဝရဲ့ အမှောင်ဘက်ခြမ်းကို မီးမောင်းထိုး ရိုက်ပြထားပြီး အတွေးများစွာ ကျန်ရစ်ခဲ့စေမဲ့ ဇာတ်လမ်းအမျိုးအစားတွေကို ကြိုက်နှစ်သက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ - ဇာတ်လမ်းအကျဉ်း -တစ်နိုင်ငံလုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့တဲ့ Camping School ကျောင်းကား ပြန်ပေးဆွဲခံရမှု ဖြစ်စဉ်မှာ မူလတန်းအရွယ် သားလေး ရူဆွန်းအူကို ဆုံးရှုံးလိုက်ရတဲ့ ရူဆိုယောင်း (Kim Hyun-Joo)... အလောင်းကိုလည်း ရှာမတွေ့တာဖြစ်လို့ သေဆုံးသွားပြီအမှတ်နဲ့ပဲ AI ကုမ္ပဏီတစ်ခုက ဖန်တီးပေးတဲ့ VR မျက်မှန်လေးကနေတစ်ဆင့် သားလေးရဲ့ AI ပုံရိပ်ယောင်နဲ့ နေ့စဉ် ပြောဆိုဆက်ဆံရင်း ကိုယ်ပိုင်သုခဘုံလေးထဲမှာ အချိန်ကုန်ဆုံးနေခဲ့ပါတယ်။ အဲဒီလိုနဲ့ ၉ နှစ်အကြာမှာ တကယ့်သားအရင်း ရူဆွန်းအူ (Bae Hyeon-Seong) က အသက်ရှင်လျက် ပြန်ရောက်လာပါတော့တယ်။ ဒါပေမဲ့ ဆိုယောင်းရဲ့ ရင်ထဲမှာ ထင်သလောက် ဝမ်းသာမနေနိုင်ခဲ့ပါဘူး။ တစ်ဖက်မှာလည်း ဆွန်းအူရဲ့ သံသယဖြစ်ဖွယ် သရုပ်မှန်က တဖြည်းဖြည်း ရုပ်လုံးပြလာတဲ့အခါ... ပျောက်ဆုံးနေခဲ့တဲ့ ၉ နှစ်လုံးလုံး ဆွန်းအူတစ်ယောက် ဘယ်လို ငရဲခန်းမျိုးကို ဖြတ်သန်းခဲ့ရမလဲ။ ပြီးပြည့်စုံပေမဲ့ အတုအယောင်သာဖြစ်တဲ့ စိတ်ကူးယဉ် သုခဘုံလေးနဲ့ လက်သင့်ခံဖို့ ခက်ခဲတဲ့ လက်တွေ့ကြားမှာ ဆိုယောင်းက ဘာကို ရွေးချယ်သွားမလဲဆိုတာကို ခံစားကြည့်ရှုလိုက်ကြပါဦးရှင်။