Paach Futaacha Bachchan
FHD
2026-10-09
139 Min
ကလေးဘ၀ကတည်းက ဓမ္မတေးသီဆိုတာနဲ့ တရားဟောတာမှာ ပါရမီပါတာကြောင့် ဘာသာရေးပွဲတွေမှာလိုက်ပြီး ဟောပြောသီဆိုရတဲ့ ရာဂျူး။ သူ့ကို ပရိသတ်က ငါးပေဘတ်ချန်းလို့ ကင်ပွန်းတပ်တာကို ကျေကျေနပ်နပ်ခံယူထားပြီး အရွယ်ရောက်တဲ့အခါမှာ ငါးပေဘတ်ချန်းဆိုတဲ့ နာမည်နဲ့ပဲ နယ်လှည့်တရားဟောတဲ့ နာမည်ကျော် တရားဟောဆရာမတစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့လည်း လက်ရှိအောင်မြင်မှုထက် ပိုအောင်မြင်ချင်တဲ့အတွက် ဆိုရှယ်မီဒီယာတွေထိပါ ပျံ့နှံ့ဖို့ ကြိုးစားပါရော။ မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်ကျော်ကြားလာခဲ့ပေမဲ့ အဲဒီနောက်ကွယ်မှာ အပြိုင်အဆိုင်တွေ၊ မိသားစုပြဿနာတွေနဲ့ သူကိုယ်တိုင်ရဲ့ သံယောဇဉ်အနှောင်အဖွဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတဲ့အခါမှာတော့...။