Saayavanam FHD

Saayavanam

Thriller Drama FHD 2025-12-19 120 Min

တမီးလ်နာဒူးပြည်နယ် တောနက်ဒေသ တောင်တန်းတွေဝိုင်းရံနေပြီး‌တော့ ဝေးလံခေါင်သီတဲ့တောရွာလေးတစ်ရွာရှိပါတယ်။ မူသူနဲ့ ဆီတာဆိုတဲ့ ကြင်စဦးမောင်နှံနှစ်ဦးဟာ အဲဒီဒေသမှာ ရှိတဲ့ အာဘူသာအမ်မာဆိုတဲ့မူသူရဲ့ အမျိုးတော်စပ်တဲ့ အမျိုးသမီးကြီးဆီကို အလည်ရောက်လာခဲ့ကြပါတယ်။ တစ်နေ့မှာတော့ မူသူက ကုန်တင်ကားတစ်စီးပိုင်ချင်တဲ့ သူ့ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ သူ့မိန်းမ ဆီတာကို အာဘူသာအမ်မာနဲ့အတူထားရစ်ခဲ့ပြီး ထွက်သွား‌ပါတော့တယ်။ ရက် လ နှစ်တွေ အလီလီတိုင်ခဲ့ပြီး ၃နှစ်ပြည့်တဲ့အထိ မူသူတစ်ယောက် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးသွားပြီး မိန်းမငယ်လေး ဆီတာ နဲ့ အာဘူသာအမ်မာတို့ပဲ ကျန်ရစ်ခဲ့တော့တာပေါ့။ တောနက်ကြီးအလယ်က အိမ်ကလေးမှာ ဆီတာ တစ်ယောက်ယောကျာ်း ပြန်အလာကိုမျှော်နေရင်း သူ့ကိုချဉ်းကပ်လာတဲ့ ယောကျာ်းသားတွေရဲ့ အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲ။ မူသူ ကရော သူ့ကိုမျှော်နေတဲ့ ဇနီးဖြစ်သူ ဆီတာ ထံကိုပြန်ရောက်လာမလားဆိုတာ.....။