Perfect Liars FHD

Perfect Liars

ဒီဇာတ်ကားလေးကတော့ ဂျုဒ်ဆိုတဲ့ကောင်မလေးတစ်ယောက် အစ်ကိုဖြစ်သူ သေဆုံးမှုရဲ့ နောက်ကွယ်က အပြစ်ရှိသူတွေကို ရှာဖွေပြီး လက်စားချေမဲ့ စပိန်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဂျုဒ်ဆိုတဲ့ကောင်မလေးက တားဂတ်စ်ဆိုတဲ့ လူကုံထံကျောင်းတစ်ခုကို ဝင်ရောက်နိုင်ဖို့အတွက် စာအသည်းအသန်ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ ပညာသင်ဆုရခဲ့ပြီး အဲဒီကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ သူမ ဒီလိုလုပ်ရတဲ့အကြောင်းအရင်းကတော့ အဲဒီတားဂတ်စ်ကျောင်းကို တည်ထောင်ခဲ့တဲ့ ကက်ရှ်မျိုးရိုးကို စုံစမ်းချင်လို့ ဖြစ်ပါတယ်။ သူမရဲ့ အစ်ကိုဖြစ်သူဟာ အဲဒီကက်ရှ်မျိုးရိုးရဲ့ အိမ်မှာ ဥယျာဉ်မှူးအဖြစ် အလုပ်လုပ်ခဲ့ပြီး အိမ်ပေါ်က ပြုတ်ကျကာ သေဆုံးသွားပြီး မတော်တဆမှုအဖြစ်ပဲ သိခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ အစ်ကို သေဆုံးရတဲ့နောက်ကွယ်မှာ အဲဒီကက်ရှ်မျိုးရိုးက ညီအစ်ကိုတွေ ရှိနေတယ်ဆိုတာကို သူမ တထစ်ချ ယုံကြည်ထားပါတယ်။ ဒီတော့ ဂျုဒ်တစ်ယောက် သူမရဲ့အစ်ကိုအတွက် ဘယ်လိုတရားမျှတမှု ရယူမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။