ဇာတ်လမ်းအကျဥ်းစစ်ပွဲခေတ်ကာလတစ်ခုမှာ တစ်ချိန်က နာမည်ကျော် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သူဟာ သေခြင်းတရားနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အမှောင်စွမ်းအားတွေရဲ့ နိုးထမှုနဲ့အတူ "Death Knight" အဖြစ် ပြန်လည်ရှင်သန်လာခဲ့တယ်ဆိုတဲ့ပုံပြင်လေးကြောင့် ရှေးဟောင်းပစ္စည်း အရောင်းဆိုင်က အဘိုးကြီးတစ်ယောက်က အလယ်ခေတ်က စစ်သံချပ်ဝတ်စုံကို လိုင်းပေါ်ကနေ ဝယ်လိုက်ပါတော့တယ်။ ဝယ်ယူပြီးနောက်မှာ အဲဒီဝတ်စုံနဲ့အတူ ပါလာတဲ့ ဆွဲကြိုးနှစ်ကုံးထဲက တစ်ကုံးကို စျေးဝယ်သူ တစ်ယောက်က ခိုးသွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါတော့ဗျာ။