Lotus Lantern: A Mortal Heart Questions the Heavens FHD

Lotus Lantern: A Mortal Heart Questions the Heavens

FHD

တစ်ညမှာ နတ်စစ်သူရဲ ရှန်အားလန် ဦးဆောင်လာတဲ့ တပ်ဖွဲ့ကြောင့် အေးချမ်းတဲ့ ဟုန်းရှီ ရွာ ပျက်စီးသွားပြီး ချန်ရှန်း ရဲ့ မိခင် နတ်သမီး ဆန်းရှန်းမု လည်း ပျောက်ဆုံးသွားပါတယ်။ ရှစ်နှစ်ကြာတဲ့အခါ ချန်ရှန်း ဟာ မီးငြိမ်းနေတဲ့ ကြာပန်းမီးအိမ်ကို ယူပြီး အမေ့ကို ရှာဖို့ ဝူဝမ် အိပ်မက်ဆိုးဈေးတန်း ထဲ ဝင်လာပါတယ်။ အဲဒီမှာ စိတ်ထင်ရာလုပ်တတ်တဲ့ ဆံပင်နီလူငယ်တစ်ယောက်နဲ့ ဆုံပြီး နှစ်ယောက်သား ခရီးဆက်ကြပါတယ်။ ခရီးတစ်လျှောက်မှာ ချန်ရှန်း ဟာ မျောက်ဘုရင် စွန်းဝူခုံး ဆီမှာ တပည့်ခံပြီး ပညာသင်ယူရသလို Kunlun မှာလည်း သူ့စိတ်ဓာတ်ကို စမ်းသပ်တဲ့ အစီအရင်တစ်ခုကို ဖြတ်ကျော်ရပါတယ်။ အဲဒီစမ်းသပ်မှုတွေကို ကျော်လွန်ပြီးမှ ကမ္ဘာဦးနတ်ဘုရား ပန်ကု ရဲ့ ကောင်းကင်ခွဲပုဆိန်ကို လက်ဝယ်ရလာပြီး မိခင်ကို ကယ်တင်ဖို့ ဟွာ တောင် ဆီ ဆက်သွားပါတော့တယ်ဒါပေမယ့် တောင်ခြေရောက်လို့ ပုဆိန်ကို မြှောက်လိုက်တဲ့အချိန်မှာပဲ လမ်းတစ်လျှောက် သူယုံကြည်ခဲ့တဲ့ အဖော်က သူ့နောက်ကျောကို ဓားနဲ့ ချိန်ထားတာကို သိလိုက်ရပါတယ်။ အဲဒီတော့မှ အမေ့ကို ရှာဖို့ ဈေးတန်းထဲ ပထမဆုံး ခြေချခဲ့တဲ့အချိန်ကတည်းက သူ့ကို အကွက်ချထားခဲ့မှန်း သဘောပေါက်လာပါတော့တယ်။ ဒဏ္ဍာရီလာ နတ်ဘုရားတွေနဲ့ စွန့်စားခန်းတွေကို သဘောကျသူတွေအတွက် Bao Lian Deng: Fan Xin Wen Tian က စိတ်ဝင်စားစရာ အန်နီမေးရှင်းကားလေးတစ်ကားပါ။ အမေ့ကို ပြန်တွေ့ချင်တဲ့ သားတစ်ယောက်ရဲ့ ဆန္ဒကနေ စခဲ့တဲ့ ဒီခရီးဟာ နောက်ဆုံးမှာ သူချစ်ရတဲ့သူကို ကယ်ဖို့ ကောင်းကင်ဘုံရဲ့ စည်းမျဉ်းတွေကိုပါ ရင်ဆိုင်ရတဲ့အထိ ဖြစ်လာပါတယ်..