အာမနီဟာ ခင်ပွန်းဖြစ်သူ ခါလစ်၊ သမီးလေး နူးရ်တို့နဲ့အတူ အဘူဒါဘီက အိမ်ကြီးထဲမှာ အေးချမ်းစွာ နေထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူ ခရီးကပြန်လာရင်း ဇာရာ ဆိုတဲ့ ငယ်ရွယ်ဆန်းကြယ်တဲ့ ဒုတိယမယားတစ်ယောက်ကို ခေါ်ဆောင်လာခဲ့ပါတယ်။ အာမနီတစ်ယောက် ရင်ကျိုးမတတ် ခံစားရပေမဲ့ မိသားစုနဲ့ သမီးလေးရဲ့ အနာဂတ်အတွက် သည်းခံပြီး အိမ်ရဲ့ ဦးဆောင်သူအဖြစ် ဆက်လက်ရပ်တည်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယမယား ဝင်လာပြီးနောက်ပိုင်း အိမ်ထဲမှာ မသင်္ကာစရာ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေစတင်ဖြစ်ပွားလာခဲ့ပါတယ်။ ဒုတိယမယား ဇာရာဟာ သမီးလေး နူးရ်ရဲ့ စိတ်ကိုပါ စတင်လွှမ်းမိုးလာတဲ့အခါ... အာမနီဟာ ဇာရာရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အတိတ်ကို စုံစမ်းစပြုလာပါတယ်။ ဇာရာနဲ့အတူ အိမ်ထဲကို ဝင်ရောက်လာတာဟာ ဒုတိယမယားတစ်ယောက်တည်းမဟုတ်ဘဲ မှော်အမှောင်ထုနဲ့ မကောင်းဆိုးဝါးတစ်ကောင်ပါ ပါလာခဲ့တာကို သိလိုက်ရတဲ့အခါမှာတော့…