The Lost Generation FHD

The Lost Generation

FHD

The Lost Generation (2025) က Ernest Hemingway ရဲ့ 1926 က ပွဲဦးထွက်ဝတ္ထုဖြစ်တဲ့ Fiesta: The Sun Also Rises ကို အခြေခံပြီး ရိုက်ကူးထားတဲ့ melodrama ဇာတ်လမ်းတစ်ပုဒ်ပါ။ Jake Barnes က ချမ်းသာပြီး ‌ဆွဲဆောင်မှုအရမ်းရှိတဲ့ အထက်တန်းလွှာ အမျိုးသမီး Lady "Brett" Ashley ကို အသေအလဲ ချစ်မိနေတဲ့ စာရေးဆရာတစ်ယောက်ပါ။ Jake ရဲ့ သူငယ်ချင်း Robert ကတော့ မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးထဲမှာ ပိတ်မိနေပြီး ကွဲပြားဆန်းသစ်ကာ ပျော်စရာကောင်းတဲ့ ဘဝတစ်ခုကို တောင့်တနေခဲ့ပါတယ်။ တစ်နေ့မှာ Robert က Lady Brett နဲ့ ဆုံတွေ့ခဲ့ပြီးနောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားပါတယ်။ သူ့ရဲ့ Lady Brett အပေါ် ရူးသွပ်စွဲလမ်းတဲ့အချစ်က တင်းမာမှုတွေ၊ မနာလိုသဝန်တိုမှုတွေနဲ့ Hemingway ရဲ့ မူရင်းဝတ္ထုထဲကလို တပ်မက်တောင့်တမှုများစွာကို အသားပေးထားတဲ့အတိုင်း ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။