Kiku Chiranjeevi FHD

Kiku Chiranjeevi

Thriller Drama FHD 2026

ပုံမှန်လူသားတွေနဲ့မတူဘဲ နှလုံးက ညာဘက်ခြမ်းမှာ ရှိနေတဲ့ ဓာတ်ပုံဆရာလေး ချီရူး။ ကိုယ်လက်လှုပ်ရှားနည်းနည်းလောက် လုပ်လိုက်တာနဲ့ အသက်ရှူကျပ်ပြီး တကိုယ်လုံးပြာနှမ်းသွားတတ်တဲ့သူပေါ့။ တစ်နေ့ ဓာတ်ပုံရိုက်ဖို့သွားတဲ့ ခရီးစဉ်တစ်ခုမှာ မာနူးဆိုတဲ့ မိန်းကလေးကို မြင်မြင်ချင်းကြွေသွားခဲ့ပါတယ်။ ကလေးလုံး၀မယူဘဲ ကလေးမွေးစားဖို့ ဆုံးဖြတ်ထားတဲ့ မာနူးကို အမျိုးမျိုးနားချပြီးတဲ့နောက်မှာတော့ ချီရူးနဲ့ မာနူးတို့ ရွှေဂဟေဆက်ဖို့ ဖြစ်လာခဲ့တာပေါ့။ ဒါပေမဲ့ မာနူးနဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့တဲ့သူတိုင်း ပျောက်သွားတာမျိုး၊ အtတ်ခံရတာမျိုးတွေ ရှိနေခဲ့ပါတယ်။ ချီရူးနဲ့ မာနူးတို့အိမ်ထောင်ရေးက အစီအစဉ်အတိုင်းပဲဖြစ်မလား၊ ဘယ်လိုအတားအဆီးတွေ ကြုံလာရမလဲဆိုတာ...။