The Hunt FHD

The Hunt

FHD

လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးဖို့နဲ့ Viewတွေအတွက် နာမည်ကြီးချင်ဇောနဲ့ ကွင်းဆက်လူသတ်သမားဇာတ်လမ်းကို လုပ်ကြံဖန်တီးရာတွေကနေ တကယ့်အစစ်အမှန်အဖြစ်ဆိုးကြီးဆီကို ကူးပြောင်းသွားတဲ့အခါ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းသွားလဲဆိုတာကိုကြည့်ရမယ့် လူသတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ၊ -ဇာတ်လမ်းအကျဥ်း- ဇာတ်လမ်းလေးကတော့ နာမည်ကျလာတဲ့ အင်ဖလူအင်ဇာတစ်ဖွဲ့ဟာ သူ့တို့ရဲ့နာမည်ကို ပြန်အဖက်ဆယ်ဖို့အတွက် လူသူကင်းမဲ့တဲ့ တက္ကဆက်ပြည်နယ်က အိမ်ကြီးတစ်လုံးမှာ ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်းLive Streamလွှင့်ပြီး အတုအယောင်ဇာတ်လမ်းဆင်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီအတွက် အဲဒီခြံကို စောင့်ရှောက်တဲ့အမျိုးသားတစ်ယောက်ကိုပါခေါ် ပြီး သရုပ်ဆောင်ခိုင်းပါတော့တယ်။ သူတို့ရဲ့ဟန်ဆောင်မှုတွေကနေ တကယ့် ကြောက်မက်ဖွယ်ရာအန္တရာယ်ကြီးကို ဘယ်လိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားမလဲ.. ဒီထိတ်လန့်စရာအဖြစ်အပျက်တွေထဲကနေသူတို့တွေအသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါတော့ဗျာ။