The 12 Dates of Christmas FHD

The 12 Dates of Christmas

Comedy Romance FHD 2026

ပိုင်ဆိုင်တဲ့ ပရိဘောဂဆိုင်လေးကို ဦးဆောင်လည်ပတ်ရင်း တစ်ဘဝလုံးကို အလုပ်နဲ့ပဲ အချိန်ကုန်လွန်ခဲ့တဲ့ ခရစ္စတီးနားဝေါ်ကာရဲ့ဘဝမှာ အချစ်ရေးဆိုတာ လုံးဝနေရာမရှိခဲ့ပါဘူး။ တစ်ဖက်မှာလည်း မိသားစုစားပွဲဝိုင်းတွေတိုင်းမှာ သူ့ညီအစ်မတွေလို အိမ်ထောင်မကျသေးဘဲ အပျိုကြီးဖြစ်နေတာက သူ့အတွက် ဖိအားတစ်ခုလိုဖြစ်နေခဲ့တာပါ။ ဒီလိုနဲ့ ရာသီဥတုက အေးမြလာပြီး ခရစ္စမတ်ပွဲတော်ကြီးနီးကပ်လာတဲ့အခါမှာတော့ သူ့သူငယ်ချင်းမော်လီက ခရစ္စတီးနားရဲ့အချစ်ရေး ကံကောင်းလာစေဖို့နဲ့ ဖူးစာဖက်ကိုရှာတွေ့နိုင်ဖို့အတွက် ရဲရဲဝံ့ဝံ့စီစဉ်ပေးပါတော့တယ်။ အဲဒါကတော့ ခရစ္စမတ်မတိုင်ခင် (၁၂) ပတ်အလိုမှာ ဒိတ်စုစုပေါင်း (၁၂) ခုသွားဖို့ တိုက်တွန်းစည်းရုံးလိုက်တာပါပဲ။ သူငယ်ချင်းရဲ့တွန်းအားပေးမှုကြောင့် ခရစ္စတီးနားရဲ့(၁၂) ပတ်၊ ဒိတ် (၁၂) ခုခရီးလမ်းက စတင်လာပါတော့တယ်။ အဲဒီလိုချိန်းတွေ့မှုတွေထဲမှာ မတူကွဲပြားတဲ့အမျိုးသားတွေနဲ့ဆုံတွေ့ရတာကြောင့် ရယ်စရာကောင်းတဲ့အမှားအယွင်းတွေ၊ မမျှော်လင့်ထားတဲ့အခက်အခဲတွေနဲ့ ရင်ခုန်စရာအခိုက်အတန့်တွေ တသီတတန်းကြီးကြုံလာရပါတယ်။ ရက်ချိန်းတွေ တစ်ခုပြီးတစ်ခုကျော်ဖြတ်လာရင်းနဲ့ ခရစ္စတီးနားတစ်ယောက် စိတ်ဓာတ်ကျစပြုလာတဲ့အချိန်မှာပဲ ဇာတ်ဆောင်မင်းသား ပီတာဂရန့်နဲ့ မျှော်လင့်ချက်တွေရှိလာခဲ့ပါတယ်။ အစပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေဖြစ်ကြပေမယ့် တဖြည်းဖြည်းနဲ့ နားလည်မှုတွေ၊ ရင်ခုန်သံတွေအဖြစ် ပြောင်းလဲလာပါတယ်။ အမျိုးမျိုးသော ဒိတ်လုပ်တဲ့အရှုပ်အထွေးတွေ၊ မိသားစုရဲ့မျှော်လင့်ချက်ဖိအားတွေနဲ့ရင်ဆိုင်ရင်း နောက်ဆုံးမှာတော့ ခရစ္စတီးနားတစ်ယောက် သူတကယ်လိုချင်နေတဲ့ စစ်မှန်တဲ့အချစ်နဲ့ဖူးစာဖက်ကို ခရစ္စမတ်မတိုင်ခင်မှာ ရှာတွေ့သွားနိုင်မလား၊ အချစ်ဆိုတာ သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း အလွယ်တကူဖြစ်မလာဘူးဆိုတာကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ရင်ခုန်ကြည်နူးစရာကြည့်ရှုရမယ့်အချစ်ဟာသ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။