Written In Blood FHD

Written In Blood

မိသားစုတစ်စုလုံး မက္ကဆီကို မူးယစ်ဂိုဏ်းရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးနောက် ဆယ်လီနာဆိုတဲ့ အမျိုးသမီးဟာ သွေးစုပ်ဖုတ်ကောင်တစ်ဦးအဖြစ် ပြန်လည်နိုးထလာခဲ့ပါတယ်။ မိသားစုအတွက် သွေးကြွေးဆပ်ဖို့ သူတို့ရဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် လူးကပ်စ်ကို စိန်ခေါ်ပြီး သွေးထွက်သံယို အကြမ်းဖက်စစ်ပွဲကို စတင်ခဲ့ပါတယ်။ လူသားဘဝနဲ့ သွေးစုပ်ဖုတ်ကောင် ဘဝကြား ရုန်းကန်နေရတဲ့ ဆယ်လီနာဟာ မူးယစ်ဆေးရုံတွေဆီက သွေးအိတ်တွေကို ခိုးယူရင်း ခွန်အားဖြည့်တင်းကာ ဂိုဏ်းဝင်တွေကို တစ်ယောက်ပြီးတစ်ယောက် သွေးအေးစွာ လက်စားချေ သုတ်သင်ခဲ့ပါတယ်။ ထိုလက်စားချေလမ်းကြောင်းမှာ သူမဟာ အတိတ်ဆိုးတွေရှိနေတဲ့ Novo Laredo မြို့က ရဲအရာရှိ အဲလက်စ် နဲ့ မထင်မှတ်ဘဲ လက်တွဲမိသွားတဲ့အခါ... မူးယစ်ဂိုဏ်းရဲ့ အမှောင်ထု၊ သဘာဝလွန် သွေးစုပ်ဖုတ်ကောင် စွမ်းအားတွေကြားထဲမှာ ဆယ်လီနာရဲ့ သွေးစွန်းတဲ့ လက်စားချေပွဲ ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ရင်တထိတ်ထိတ်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်........