Ottam Thullal FHD

Ottam Thullal

အိန္ဒိယရဲ့ ကျေးလက်ရွာလေးတစ်ရွာမှာ အပ်ပူဆိုတဲ့ ပုဏ္ဏားတစ်ဦး ရှိပါတယ်။ တစ်နေ့မှာ ရွာသားတစ်ဦးဖြစ်သူ ရာဂျန် ကို ရွာထဲက မြင့်မြတ်တဲ့ပါလာပင် ကို မခုတ်ဖို့ အပ်ပူက သတိပေးတားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရာဂျန်က အဲဒီသတိပေးစကားကို လျစ်လျူရှုပြီး အပင်ကို ခုတ်လှဲလိုက်တဲ့အခါ သုံးရက်အကြာမှာပဲ ရာဂျန်တစ်ယောက် ထူးဆန်းစွာ ‌ေ_သဆုံးသွားပါတော့တယ်။ အဲဒီနောက်မှာတော့ ပုဏ္ဏားအပ်ပူက နောက်ထပ် ၁၆ ရက်အတွင်း ရာဂျန်ရဲ့ မိသားစုဝင် ၅ ဦး ထပ်မံ‌ေ_သဆုံးလိမ့် မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့အခါ တစ်မိသားစုလုံး ကြောက်လန့်တုန်လှုပ်ကုန်ကြပါတယ်။ ဒါပေမဲ့ ရာဂျန်ရဲ့သားဖြစ်သူ ကတော့ ဒီဟောကိန်းကို အယုံအကြည်မရှိဘဲ အလိမ်အညာလို့သာ ယူဆထားသူပါ။ အယူသည်းပြီး ကြောက်လန့်နေကြတဲ့ မိသားစုဝင်တွေက ‌ေ_သဘေးကနေ လွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရုန်းကန်ကြပုံတွေ၊ သားဖြစ်သူရဲ့ လက်တွေ့ကျကျ ဖြေရှင်းဖို့ ကြိုးစားမှုတွေကြားက အလွဲလွဲအချော်ချော် အခြေအနေတွေကို ကျေးလက်ဓလေ့နောက်ခံထားပြီး ပေါ့ပေါ့ပါးပါး ရိုက်ကူးတင်ဆက်ထားတဲ့ မလေးယာလမ် မိသားစုဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။