The Lost Ones FHD

The Lost Ones

Thriller FHD 2026

သာမန်လူတွေ မမြင်နိုင်၊ မကြားနိုင်တဲ့ထူးဆန်းတဲ့ ရူပါရုံတွေကို ငယ်စဉ်ကတည်းက မြင်တတ်တဲ့ ဆယ်ကျော်သက်သမီးငယ် မေရဲ့ထူးဆန်းတဲ့ဝေဒနာကို ငြိမ်ကျသွားစေဖို့နဲ့ မိသားစုဘဝ အသစ်တစ်ခု တည်ဆောက်ဖို့အတွက် မိဘတွေဟာ လူသူကင်းမဲ့တဲ့ကျေးလက်ဒေသအစွန်အဖျားဆီကို သမီးနှစ်‌‌ဦးနဲ့အတူ ပြောင်းရွှေ့လာကြပါတယ်။ ဒါပေမဲ့ သူတို့မျှော်လင့်ထားတဲ့ အေးချမ်းမှုဆိုတာ ခဏတာမျှသာ ဖြစ်ခဲ့ပါတယ်။ တောစပ်အိမ်လေးမှာ အခြေချမိချိန်ကစလို့ မေရဲ့ထိတ်လန့်စရာအမြင်အာရုံတွေဟာ ပိုဆိုးရွားလာခဲ့ပြီး အိမ်အပြင်ဘက်မှာလည်း ရန်လိုတဲ့အပြုအမူတွေနဲ့သံသယဖြစ်စရာကောင်းလှတဲ့ အိမ်နီးနားချင်း ဂျက်ရဲ့ထူးဆန်းတဲ့ခြေလှမ်းတွေက မိသားစုကို ခြိမ်းခြောက်လာပါတော့တယ်။ တစ်ဖက်မှာ အပြင်ဘက်က အန္တရာယ်ဆီကနေ ရုန်းကန်နေရသလို တစ်ဖက်မှာလည်း ညီအစ်မနှစ်ဦးဖြစ်တဲ့ မေနဲ့အစ်ဇဘယ်လ်ဟာ သူတို့အိမ်နံရံတွေကြားထဲမှာ ပုန်းကွယ်နေတဲ့ မိသားစုရဲ့မှောင်မိုက်တဲ့ လျှို့ဝှက်ချက်တွေကို တစ်ခုပြီးတစ်ခုရှာဖွေတွေ့ရှိလာကြရပါတယ်။ မေရဲ့အသက် ၁၆ နှစ်ပြည့်မွေးနေ့က တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ အပြင်ကခြိမ်းခြောက်မှုတွေနဲ့ အိမ်ထဲကဖုံးကွယ်ထားတဲ့အမှန်တရားတွေဟာ တစ်ခုပြီးတစ်ခုရိုက်ခတ်လာပါတော့တယ်။ ဘယ်သူကမှ သူတို့ထင်ထားသလို ရိုးသားမနေကြတော့ဘဲ မြင်နေရတဲ့လောကကြီးဟာလည်း အယောင်အဆောင်တွေသာဖြစ်နေတဲ့အခါ ညီအစ်မနှစ်ဦးရဲ့အသက်ရှင်ရပ်တည်ရေးတိုက်ပွဲဟာ ဘယ်လိုအဆုံးသတ်မလဲ၊ မေရဲ့ထူးဆန်းတဲ့အမြင်အာရုံတွေကပဲ ဒီအမှောင်ထုဇာတ်လမ်းကို ဖော်ထုတ်ပေးနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ခံစားကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။