Kijsada Paradise FHD

Kijsada Paradise

Horror FHD 2026

"တူတူပုန်းတမ်း ကစားကြမယ်လေ... ငါကလိုက်ရှာမယ်၊ မင်းတို့က ထွက်ပြေး... မမိရင် အသက်ရှင်မယ်၊ မိရင်တော့ အကုန်သေမယ်"ထိုင်းသရဲကားဆိုမှ အူတက်အောင်ရယ်ရပြီး အသည်းယားအောင် ကြောက်ရတဲ့ Horror Comedy အရသာကို အပြည့်အဝပေးစွမ်းနိုင်တဲ့ ၂၀၂၆ ခုနှစ်ထွက် ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။ Pee Nak Franchise စီးရီးတွေနဲ့ ပရိသတ်ကို ဖမ်းစားခဲ့တဲ့ ဒါရိုက်တာကြီးရဲ့ လက်ရာသစ်မို့ ရှယ်လန်းသလို BL မင်းသားချော Fourthကိုလည်း သရဲကားမှာ အမြင်သစ်နဲ့ မြင်ရမှာပါ။ဇာတ်လမ်းကတော့ ဇင်းမယ်မြို့မှာရှိတဲ့ လူသူကင်းမဲ့ပြီး စွန့်ပစ်ခံထားရတဲ့ Kijsada Paradise ဆိုတဲ့ ရေကစားကွင်းဟောင်းကြီးတစ်ခုမှာ အခြေတည်ထားပါတယ်။ အဲဒီနေရာက သရဲခြောက်တယ်လို့ နာမည်ကြီးပေမဲ့ သွေးဆူနေတဲ့ ဆယ်ကျော်သက် လူငယ်တစ်စုက တက်ရဲ့ ဦးဆောင်မှုနဲ့အတူ ညဘက်ကြီး ခိုးဝင်ပြီး တူတူပုန်းတမ်း သွားကစားကြပါတော့တယ်။ပြဿနာက အဲဒီမှာ စတာပါပဲ။ ကစားနေရင်းနဲ့ သူတို့အုပ်စုထဲက အထူးစောင့်ရှောက်မှု လိုအပ်နေတဲ့ သူငယ်ချင်းဖြစ်သူ ဂျော့တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားတဲ့အခါ...အစကတော့ သာမန်ပျောက်သွားတယ်ထင်ပေမဲ့ တကယ်တမ်း ဂျော့ကို သွားပြန်ရှာပြီး ပေါ်လာတဲ့အချိန်မှာတော့ သူဟာ အရင်က သူငယ်ချင်း ဂျော့မဟုတ်တော့ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ နာကြည်းဝိညာဉ်ဆိုးကြီးအဖြစ် ပြောင်းလဲနေခဲ့ပါပြီ။ အသက်ရှင်ဖို့အတွက်ဆိုရင် သူတို့တွေဟာ ဒီခြောက်ခြားစရာကောင်းတဲ့ ရေကစားကွင်းဟောင်းကြီးထဲမှာ မဖြစ်မနေ တူတူပုန်းတမ်း ဆက်ကစားကြရတော့မှာပါ။ရိုးရိုးတန်းတန်း သရဲခြောက်တာမျိုးမဟုတ်ဘဲ အတိတ်က ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်အမည်းစက်တွေက ဘာတွေလဲ... ဝိညာဉ်ဆိုးကြီးလက်ကနေရော တက်ခ် တို့ သူငယ်ချင်းတစ်သိုက် အသက်လုပြီး ဘယ်လိုထွက်ပြေးကြမလဲ... ရယ်ရမလို ငိုရမလို အခြေအနေတွေကြားမှာ သူငယ်ချင်းသံယောဇဉ်ကရော ဘယ်လောက်အထိ ခိုင်မာမလဲဆိုတာ...Pee Nak ဒါရိုက်တာရဲ့ လက်ရာဖြစ်တဲ့အတွက် ဟာသနဲ့ အကြောက်တရားကို အချိုးကျကျ ရောစပ်ထားပြီး Jump Scare တွေနဲ့ ရင်တမမ ဖြစ်စေမှာမို့ Horror-Comedy အကြိုက် ပရိသတ်တွေ လုံးဝ လက်မလွတ်သင့်တဲ့ ထိုင်းသရဲကားကောင်းလေးကို ခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ဗျာ။