The Depths FHD

The Depths

Horror FHD 2026

ဒီဇာတ်လမ်းက found-footage, slasher horror တစ်ကားပဲ ဖြစ်ပါတယ်။ Tommy နဲ့ Parker တို့ မောင်နှမနှစ်ယောက်က စိတ်နဲ့ကိုယ်ခွာခြင်း သို့မဟုတ် ခန္ဓာပြင်ပ အတွေ့အကြုံ (astral projection) ကို စမ်းသပ်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့က အဲဒါကို အစစ်အမှန်ဖြစ်ကြောင်း သက်သေပြချင်လို့ စမ်းသပ်မှုပြုလုပ်တဲ့ ဖြစ်စဉ်တစ်လျှောက်လုံး သူတို့ကိုယ်သူတို့ ကင်မရာတွေနဲ့ record လုပ်ထားကြတာပါ။ ဒါပေမဲ့ သူတို့တွေ ရိုက်ထားတဲ့ ဗီဒီယိုတွေကို ပြန်ကြည့်တဲ့အခါမှာတော့ ထူးဆန်းတဲ့အရာတွေကို သတိထားမိလာကြပြီး မိသားစုနဲ့ပတ်သက်တဲ့ အတိတ်က ဖုံးကွယ်ထားတဲ့ စိတ်‌ဒဏ်ရာတွေ ပြန်ပေါ်လာချိန်မှာ ဘယ်လိုခြောက်ခြားစရာအန္တရာယ်တွေကို ရင်ဆိုင်ရမလဲဆိုတာကတော့...။