Nightfall: A Paranormal Investigation FHD

Nightfall: A Paranormal Investigation

Horror FHD 2024

သဘာ၀လွန်လောကရဲ့ဖြစ်ရပ်ဆန်းတွေကို လိုက်လံစုံစမ်းစစ်ဆေးသူ Mick Sutherland နဲ့ Archie Charlesworth တို့နှစ်ယောက်ဟာ Elizabeth Blair ဆိုသူ အမျိုးသမီးရဲ့ အထီးကျန်ဆန်တဲ့ အိမ်ကြီးဆီကို ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ စုံစမ်းစစ်ဆေးသူ သက်တမ်းမှာ အန္တရာယ်အရှိဆုံး ဖြစ်လာမယ့် "Case 13" ပဲ ဖြစ်ပါတယ်။ Elizabeth ဟာ သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူရဲ့ ဝိညာဉ်ကို ပြန်လည်ဆင့်ခေါ်ဖို့ ကြိုးစားရင်း အမှောင်စွမ်းအားတစ်ခုရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတာပါ။ ၇ ရက်တာ ကာလအတွင်းမှာတော့ အတိတ်က ပုန်းအောင်းနေခဲ့တဲ့ မကောင်းဆိုးဝါး ဝိညာဉ်ဆိုးတစ်ခုရဲ့ ခြောက်လှန့်မှု၊ စိတ်ခြောက်ခြားဖွယ် ဖြစ်ရပ်တွေနဲ့အတူ သူတို့နှစ်ယောက်ရဲ့ စိတ္တဇနဲ့ သံယောဇဉ်ပါ တဖြည်းဖြည်း ပြိုလဲလာရတဲ့အခါမှာတော့...။ သြစတြေးလျ ရုပ်ရှင်လောကကနေ ထွက်ရှိလာတဲ့ ဒီ Found-footage Horror ဇာတ်ကားကတော့ Jump scare တွေထက် ရင်တမမဖြစ်စေမယ့် အေးစိမ့်စိမ့်ခံစားချက်၊အသံဖန်တီးမှုကောင်းကောင်းနဲ့အမှောင်အငွေ့အသက်တွေကို သေသေသပ်သပ်ပုံဖော်ထားပါတယ်။ မကောင်းဆိုးဝါးခြောက်လှန့်ခန်းတွေ မတိုင်ခင်မှာ ကြည့်ရှုသူကိုယ်ထဲကို မရိုးမရွကြောက်စိတ်ကို ကောင်းကောင်းထည့်ပေးနိုင်တာကြောင့် ကြည့်သင့်တဲ့ ဟော်ရာကားတစ်ကားပါပဲ။